Part 16

5.1K 573 42
                                    

<Unicode>
ပျားရည်စမ်း ခရီး အနေနဲ့ ပင်လယ်မှာ တစ်ပတ်အကြာ နေခဲ့ပြီးတော့ castle ကို ပြန်ခဲ့ကြသည်။

တစ်လမ်းလုံး မှိုင်မှိုင်တွေတွေနဲ့ ဖြစ်ကာ ကျနော့်ကိုလည်း စကားမပြောသည့် အရှင့်ကြောင့် အနည်းငယ်တော့ အာရုံစိုက်နေမိသည်..

မပြန်ခင် ညကအထိက အကောင်းအတိုင်းပင်

"အရှင် ဘာဖြစ်လို့လဲ နေမကောင်းလို့လား "

ကျနော့် အမေးကြောင့် ညှိုးငယ်နေတဲ့ မျက်ဝန်း ဝိုင်းဝိုင်းတွေနဲ့  လှည့်ကြည့်လာသည်

"မောင် မပြန်ချင်သေးဘူးလေ "

တကယ်တော့ အရှင်က ပင်လယ်က မပြန်ချင်သေးလို့ ကလေးတစ်ယောက်လို အလိုမကျဖြစ်နေခြင်း ပင်..

"ကျနော်တို့ နောက်မှ ထပ်လာကြမယ်လေ အရှင်.. "

"ကတိနော် အချစ် "

ကျနော့်လက်တွေကို အုပ်ကိုင်ရင်း ကတိကို တောင်းနေသေးပြန်သည်..
ဒီတိုင်းလေးပါဘဲ.. ကျနော် အေးချမ်းနေခဲ့တယ်..
အရှင့်ဘေးမှာ နေရရုံလေးနဲ့တင် ပျော်ရွှင်နေရပြီး အေးချမ်းနေရသည်..

အနည်းငယ်တော့ တွေးပြီး စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။

ကျနော်ကသာ မောင်လို့ မြတ်မြတ်နိုးနိုး ခေါ်လိုက်မယ်ဆို အရှင့်ရဲ့ ပြုံးပျော်နေမယ့် အမူအရာက ဘယ်လိုလေးများ ဖြစ်နေမလဲ..

သေချာ‌တာတော့ အဲ့တစ်နေ့ကလည်း မမေ့နိုင်သော အမှတ်တရနေ့ရက်လေး ဖြစ်နေတော့မှာ သေချာပါသည်..
.
.

အနည်းငယ် ကော့တက်နေတဲ့ မျက်တောင် ရှည်ကြီးတွေက သိပ်လှသည်..
မျက်ခုံး ခပ်ထူထူလေးက အနည်းငယ် ဆက်စပ်တော့မည့် အနေအထားကြောင့် ပိုလှနေပြန်သည်။

ညာဘက်ပါးကို ခေါင်း‌အုံးနဲ့ ဖိအိပ်နေသည်မို့ အနည်းငယ် ဖောင်းအစ်ကာ လုံးလုံးလေး ဖြစ်နေသည့် ခပ်ရဲရဲ ပါးမို့မို့လေးကနဲ့ ကျနော့်အချစ်..

ပန်းနုရောင် နှုတ်ခပ်းပါးကို ခပ်ဖွဖွလေးနမ်းမိတော့ အနည်းငယ် တွန့်သွားသည်။

နှဖူးပေါ် ဝဲကျနေတဲ့ ဆံပင်လေးတွေကို ဖယ်‌ရှားကာ အတော်ကြာအောင် နမ်းရှိုက်မိတော့ နီးကပ်နေသည့် အနေအထားကြောင့် ထင်သည်.. မျက်လုံးလေး မပွင့်တပွင့် ဖြစ်သွားသည်

The Rex Of Canis [Completed]Where stories live. Discover now