Part 19

5.3K 593 57
                                    

<Unicode>
သွေးတွေထဲက သူ..
ဒီတိုင်း ကြည့်နေရုံလေးနဲ့ ကျနော် ရပ်တန့်နေမိသည်။

တရုတ်လူမျိုး ခေါင်းဆောင်ကို သတ်ပစ်ဖို့ ဒီကနေ ထွက်သွားဖို့ အရာရာကို မေ့လျော့နေပြီး သူ့ကို ဒီတိုင်း ကြည့်နေမိသည်။

၁၅ နှစ်အရွယ်တုန်းက ဒီလို သွေးအိုင်ထဲက လူတစ်ယောက်ကို မြင်ခဲ့ဖူးသည်။ တုန်လှုပ်နေမိကာ ကြောက်ရွံ့နေမိသည်

အဲ့လူ.. အဲ့လူတုန်းက ကျနော့်ကို ထာဝရ ထားရစ်ခဲ့သည်။ သူကရော.. အချစ်ကလည်း ကျနော့်ကို ထားခဲ့တော့မည်လား..

ပွေ့ဖက်ရင်း သူ့ မျက်နှာနုနုကို ကြည့်နေမိသည်။ ရင်ဘက်ပေါ်က သွေးတွေကို ကိုင်ကာ ကျနော် ကြောင်အနေမိသည်။

အနားနားကို တိုးကပ်ကာ အသက်ရှုသံကို နားထောင်မိတော့ ကျနော့် လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည်။

'အား !'

ဒီတိုင်းဘဲ ပွေ့ဖက်ထားကာ အကျယ်ကြီး အော်ငိုနေမိသည်..
ဘယ်သူ့ကိုလဲ ဘယ်သူ့ကိုများ အကူအညီတောင်းရမည်လဲ..

ဘယ်သူကရော ကူညီနိုင်မည်လဲ..

ဘေးကလူတွေက ကျနော့်ကို ကြည့်နေကြသည်။ လှောင်ပြုံးတွေကို ပြုံးကာ ရယ်နေကြသည်။

'မင်းက မင်းအမေအတိုင်းဘဲ '
'မင်းတို့က ကိုယ့်ချစ်သူကို သေစေခဲ့တာ'
'မင်းက တကယ်တော့ မကောင်းဆိုးဝါး ဘဲ'

လူတွေက လက်ညှိုးထိုးကာ အပြစ်တင်နေကြသည်။

ကျနော် မမှားခဲ့ပါဘူး။ ကျနော်က ဒီတိုင်း ကျနော့်ဘေးမှာ ရှိနေစေချင်ရုံလေးပါ

ဒီတိုင်း ထွက်မသွားနိုင်အောင် ချည်နှောင်ထားရုံလေးပါ.. ကျနော်ကိုယ်တိုင်က ချစ်လွန်းလို့ တယုတယ ဖြစ်ခဲ့ရတာပါ..

"အကိုဂျွန် ! "

Jung Hoon က ကျနော့်လက်ထဲက သူ့ကို ဆွဲခေါ်ကာ ပွေ့ချီထားသည်။

"ဟင့်အင်း.. မရဘူး သူ့ကို ခေါ်သွားခွင့်မပေးနိုင်ဘူး "

မျက်ရည်တွေ ရွှဲကာ ငိုယိုပြီးပြန်တောင်းမိသည်။
ကျနော်က ပွေ့ဖက်ထားချင်ရုံလေးပါ.. ဘာမှ မပိုပါဘူး..

The Rex Of Canis [Completed]Where stories live. Discover now