Part 14

5.3K 618 97
                                    

<Unicode>
မျက်လုံးတွေကို ဖွင့်လိုက်လျှင် မြင်နေရတဲ့ ဒီနေရာက castle ဖြစ်‌ေနသည်..

ဘာလို့လဲ.. မနေ့ကမှ Boston မှာ ရှိနေသေးသည်ကို အခုက ချက်ချင်းကြီး castle ကို ရောက်နေရသည်..

ဘေးက ဖုန်းကို ယူကြည့်မိတော့ date က ကြားထဲမှာ တစ်ရက် ပျောက်နေသည်..
ပျောက် နေတဲ့ တစ်ရက်အတွင်း ကျနော် ဘာဖြစ်သွားတာလဲ..

"နိုးပြီပေါ့ "

အခန်းတံခါး ဖွင့်သံနဲ့အတူ ဝင်လာတဲ့ အရှင်..

ဟုတ်‌တာပေါ့ ကျနော်.. ဘုရင် တစ်ပါးရဲ့ အိပ်ရာပေါ်မှာ ရှိနေသည်ဘဲ..

"ကိုယ်တို့ရဲ့ ပထမဆုံးမှာ နည်းနည်း ကြမ်းမိသွားတာဘဲ.. တစ်ရက်လောက် မေ့သွားတာက လွဲရင် ကျန်တာ အကုန် အဆင်ပြေတယ် အချစ်.. စိတ်မပူနဲ့ "

ဘေးနားမှာ ဝင်ထိုင်ကာ ဝဲကျနေတဲ့ ဆံပင်တွေကို နားထဲ ထည့်ပေးရင်း ပြောနေသည်..

‌ေ-ာက်ကျိုးနည်း!
နည်းနည်းကြမ်းတာက တစ်ရက်တောင် မေ့သွားရသည်လား..

"မင်း မိဘတွေ ရောက်နေတယ် တွေ့တော့မလား "

မိဘတွေ ဆိုတာနဲ့ ကျနော့်မျက်လုံးတွေက အနည်းငယ် ဝိုင်းစက်သွားတာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်မို့ သူက ပြုံးနေပြန်သည်..

ခြေထောက်တွေကို ကြမ်းပြင်ပေါ် ချရင်း ဖြည်းဖြည်းချင်း လျှောက်တော့ ယိုင်နဲ့နေတဲ့ ကျနော်..
ချက်ချင်း ဝင်ထိန်းပေးပြန်သည်

"ရတယ် ကျနော် အဆင်ပြေတယ်..
ဒီလိုတွဲပေးထားရင် လူတွေ တစ်မျိုး မြင်လိမ့်မယ် "

"ငါတို့ အကြောင်း တစ်နိုင်ငံလုံး သိပြီးသားဘဲ မဟုတ်လား "

မေမေတို့နဲ့ တွေ့ရတော့ အတင်းဖက်တွယ်နေတဲ့ မေမေကြောင့် မျက်ရည်တွေပင် ဝဲလာရသည်

"မင်းက ဒီအမေကို ပစ်ထားပြီး နောက်ထပ်တစ်နှစ် castle မှာ ဆက် နေရလောက်တဲ့ထိ Florida နဲ့ဘဲ နေချင်နေတော့တာပေါ့ "

မေမေက ပါးနှစ်ဘက်ကို အုပ်ကိုင်ရင်း ပြုံးကာ ပြောနေသည်..

မေမေ စကားအရ ကျနော် Boston ဘက်ရောက်နေတာ မသိသေးဘူး ထင်သည်

The Rex Of Canis [Completed]Where stories live. Discover now