Part 18

5K 566 34
                                    

<Unicode>
တဆစ်ဆစ်ကိုက်ခဲနေတဲ့ ခေါင်းကြောင့် မှုန်ဝါးဝါးသာ မြင်နေရသည့် အရိပ်တွေ..

ညှိနှိုင်းလို့ မရလို့ အငြင်းပွားနေတဲ့ အသံတွေကို ကြားနေရသည်။ အေးစိမ့်စိမ့် အအေးဓာတ်ကြောင့် တစ်ကိုယ်လုံးက ထုံကျင်အောင် ကိုက်ခဲနေသည့်တိုင် ကြိုးထုံးတွေဆီကနေ ရုန်းကန်နေမိတုန်း

"အို နိုးရင်လည်း ဒီလောက်ထိ ရုန်းမနေပါနဲ့.. မင်းဘဲ အားကုန်လိမ့်မယ် "

ဒီအသံ..  သေလောက်အောင် မုန်းဖို့ ကောင်းတဲ့ Daniel အသံကို ကြားနေရတယ်.. သေချာအာရုံစိုက်ကြည့်မှ ကျနော့်‌ေရှ့မှာ စိုက်ကြည့်နေတဲ့ Daniel..

"ဘာလို့လဲ ဘာလို့ ဒီလိုလုပ်ရတာလဲ "

အနောက်မှ အထိန်းတော်ကြီးကို မေး‌မိတော့ သူက ခပ်ဖွဖွလေးရယ်သည်။

"အကြောင်းပြချက်က မင်းသိရဖို့လောက်ထိ မလိုအပ်ဘူး.. နောက်တစ်နာရီနေရင် မင်းက တရုတ်ဘက်ကို ရောက်တော့မှာ ဒီတိုင်း ဘာမှ မသိဘဲ အေးဆေးသာသွား.. အဲ့ရောက်ရင် သေချာ အလုပ်လုပ်လိုက်လေ။ မင်းက Arctos မို့ ကောင်းကောင်းလုပ်နိုင်မှာ "

‌အတော်ကို ရယ်မောနေကြတဲ့ လူ ငါးယောက်က အခုရောက်နေတဲ့ မြေအောက်ခန်းရဲ့ အောက်သိုးသိုးနံ့လိုဘဲ.. စက်ဆုပ်ဖွယ်ဖြစ်သည်။

"ငါတို့ ဘာပြဿနာမှ မရှိခဲ့ဘူး ထင်တယ် "

Daniel ကို စေ့စေ့ကြည့်ကာ မေးမိသည်။

"ပြဿနာ? ပြဿနာကြီးကြီးကို ရှိတာပေါ့.. တစ်ခုက Boston မှာ ငါ့ဆီက ထွက်သွားခဲ့တာရယ်၊ နောက်တစ်ခုက ငါရှာခဲ့သမျှကို Florida က မီးရှို့ခဲ့တာရယ်.. Ryan ဆီက ပိုက်ဆံတွေ ယူခဲ့တာမှန်တယ်.. ငါ ဆေးစွဲခဲ့တယ်။ မကောင်းတာ အကုန်လုပ်တယ်။ ရပ်ပစ်ဖို့ထိ တွေးပြီး ဒီကို လာခဲ့တာ..

မင်းကိုတွေ့တော့ Ryan လိုဘဲ ဟန်ဆောင်ခဲ့တယ်။ ငါ့ဘဝကို အစက ပြန်စဖို့ အိမ်အသစ်ရယ်၊ နေရာအသစ်မှာ လူအသစ်အဖြစ် ပြောင်းလဲခဲ့တယ်.. ဒါမယ့်လေ အရာရာက မင်းကြောင့်ဘဲ ဆုံးရှုံးခဲ့ရတာ.. အခုလည်း မင်းကြောင့်လည်း ဆုံးရှုံးခဲ့သမျှကို ပြန်ရလိမ့်မယ်.. မင်းကို တရုတ်ဘက်က ဒေါ်လာ ၁ ဘီလီယံ ပေးဝယ်တယ်.. မင်းက အဖိုးတန်လေးဘဲ "

The Rex Of Canis [Completed]Where stories live. Discover now