Part 10

5.3K 632 67
                                    

<Unicode>
ဒီရက်တွေထဲ ကျနော့်တာဝန်က ပြီး‌ဆုံးနေခဲ့ပြီ.. မင်းသားလေး Jung Hoon က သင်ယူတတ်မြောက်တာ မြန်တဲ့သူဖြစ်လို့ သတ်မှတ်ထားတဲ့ ကာလထက် အစောကြီး သင်တန်းက ပြီးဆုံးခဲ့တယ်

တစ်နှစ်ပြည့်ဖို့က နှစ်လ လိုသေးသည်မို့ စာချုပ်အတိုင်း နှစ်လကို Castle မှာသာ ကုန်ဆုံးရမည်..

မင်းသားလေးက ပညာသင်အဖြစ် ဂျပန်ကို မနေ့ကဘဲ ထွက်သွားသည်..

အခုတော့ ဒီမ‌ှာ ကျနော်နဲ့ အသေချာ ရင်းနှီးတာက အရှင်ရယ် သူ့ကလေးတွေရယ်ဘဲ ရှိတော့သည်..

အချိန်တွေ ပိုကြာလာလျှင် ပိုပြီးတော့ အထီးကျန်မှုကို ခံစားလာရတယ်.. သူကရော .. သူကတော့ ပျော်နေရောပေါ့..

နှစ်ပတ်ကို တစ်ခါ သူက အပြင်ထွက်ခွင့်ပေးလို့ Ri နဲ့ တွေ့ခွင့်ရသည်.. မေမေတို့ဆီမှာ Ri ကို ထားကာ မေမေတို့က စောင့်ရှောက်ထားပေးသည်

"မင်း အဆင်ပြေရဲ့လား Ri .. castle ကနေ ထွက်လာတုန်း စတော်ဘယ်ရီတွေ တွေ့ခဲ့တာ.. မင်းကို သတိရတာနဲ့ ဝယ်လာခဲ့တယ်.. အထဲက အသေးလေးကလည်း ကြိုက်မယ် ထင်တယ် "

လက်ထဲက စတော်ဘယ်ရီ အိတ်ကို Ri ကို လွှဲပေးကာ အိမ်ထဲ ဝင်လိုက်တော့ မေမေတို့က ဧည့်ခန်းမှာ

"သားငယ်.. "

ကျနော့်ကို မြင်တာနဲ့ မေမေက ပြေးဖက်သည်..

"လွမ်‌းနေခဲ့တာ မေမေ့သားကို "

ပါးနှစ်ဘက်ကို အတင်းနမ်းကာ လွမ်းနေကြောင်း တဖွဖွ ပြောသည်

"ကျနော်က ပိုလွမ်းတာပါ ဗျာ "

မေမေ့ပါးနှစ်ဘက်ကို နစ်ဝင်မတတ် နမ်းကာ ပိုလွမ်းကြောင်း ပြောလိုက်သည်

"အော် မေမေ ပြောစရာရှိတယ်.. မ‌နေ့ကဘဲ အိမ်ကို သဝဏ်လွှာ ရောက်လာတယ် Castle ကနေ "

Castle ကနေ ဆိုတာကြောင့် ‌အထူးအဆန်းဖြစ်ရသည်.. castle မှာ အလုပ်လုပ်ခဲ့တဲ့ ၁၀ လလုံး တစ်ခါမှတောင် ပို့ဖူးသည်မဟုတ်

"Florida Jeon က မေမေတို့အိမ်က သားကို တောင်းရမ်းထားတယ်.. "

ရယ်ရယ်ပြုံးပြုံးနဲ့ ပြော‌လာတဲ့ မေမေ့စကားကြောင့် အထိန့်တလန့်ဖြစ်မိသည်

The Rex Of Canis [Completed]Where stories live. Discover now