Part 8

5.8K 661 51
                                    

<Unicode>
Laugage အမည်းထဲရောက်နေတဲ့ အနက်ရောင်ပိုးသားဝတ်ရုံရှည်တွေရယ်၊ အနက်ရောင် ရှပ်လက်ရှည်တွေရယ်နဲ့ pant အနက်တွေရယ်..

အားလုံးက နက်မှောင်နေတာမို့ မြင်နေရတာ သိပ်မလှဘူးပေါ့.. သူကတော့ ဒီလို ခပ်မှောင်မှောင်တွေမှ ရွေးကြိုက်သည်‌ လေ..

"မင်း ရော ပြီးပြီလား "

အခုမှ ရေစိမ်ပြီး ပြန်လာသည် ထင်သည်..
ကျနော့်အနောက်မှ ရပ်နေတဲ့ အရှင့်ဆီက Delphinium အနံ့ သင်းသင်းလေးရသည်..

လူတွေ အသုံးနည်းတဲ့ ဒီအနံ့ သင်းသင်းလေးကို သူရော ကျနော်ရောက သိပ်ကြိုက်သည်..

"ခဏနေမှ ပြင်လိုက်ပါ့မယ်.. အခုက အရှင့်အတွက် ပြင်နေလို့ပါ "

တစ်နှစ်တစ်ကြိမ် Florida တွေရဲ့ စုဝေးပွဲကို နိုင်ငံတစ်နိုင်ငံဆီမှာ တစ်လှည့်ဆီ ကျင်းပတတ်သည်

မနှစ်က ကိုရီးယားမှာမို့ ဒီနှစ်က ဂျပန်မှာ ဖြစ်သည်..

Florida မျိုးရိုးတွေသာ တက်ရောက်လေ့ရှိပင်မယ့် သူက ကျနော့်လို Canis Lupus (grey) ကိုပါ တက်စေချင်သည်.. partner အနေနဲ့ဟု ‌ဆိုသည်..

"ဟိုရောက်ရင် ငါ့နားမှာဘဲ နေနော်.. ငါ့အချစ်ကို သူများတွေ မျက်စိနဲ့ ပစ်မှားရင်တောင် မကြိုက်ဘူး.. အကုန် သတ်ပစ်မှာ "

ကျောပေးထားတဲ့ ကျနော့်ကို ဆွဲလှည့်ကာ သူနဲ့ မျက်နှာချင်းဆိုင်စေရင်း ခပ်ပြုံးပြုံးနဲ့ ပြောသည်

တစ်ခါမှတော့ နှစ်ယောက်လုံး 'ချစ်တယ်' ဆိုတဲ့ စကားကို အရေးတယူလုပ်ပြီး မပြောဖူးပင်မယ့် အခုတော့ ကျနော်တို့ အတည်တွဲနေပြီဟု ဆိုနိုင်သည်..

ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ပေါ့

"Jung Hoon က နောက်မှ လိုက်လာမယ် တဲ့"

မင်းသားလေး Jung Hoon က ဘုရင် မဟုတ်ပင်မယ့် Florida မျိုးရိုးဖြစ်နေသည်မို့ တက်ရောက်ရသည်.. အခုက ပထမဆုံး ပွဲကို တက်ခြင်းပေါ့

Castle နောက်ဘက်က ဟင်းလင်းပြင် အကျယ်ကြီးရဲ့ အလယ်က သူ့ရဲ့ ကိုယ်ပိုင် လေယာဉ်နဲ့ ဂျပန်ကို သွားသည်.. နာရီ အနည်းငယ်ကြာတော့ တော်တော် ခမ်းနားလွန်းတဲ့ တစ်နေရာကို ရောက်လာရသည်..

The Rex Of Canis [Completed]Where stories live. Discover now