2

4.8K 438 2
                                    

အပိုင်း - ၂

ဘာသာပြန်သူ - Emily

**

ဂူရှီးရှီးမျက်လုံးမှိတ်ပြီးတော့ စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်တွေးနေသည်။ အမြှောက်စာဇာတ်ကောင်လေး ဂူရှီးရှီးက အစေခံတစ်ယောက်ရဲ့ဖျက်ဆီးတာကို ခံလိုက်ရပြီး သူမရဲ့အစီစဉ်တွေကိုလည်း ဟော်ဝမ်ချန်က ရှာတွေ့သွားခဲ့သည်။ တစ်ဖက်က သူက သူမကို လုံးဝကိုစိတ်မဝင်စားပေ။ သူက မောက်မာပြီးတော့ ဂူရှီးရှီးကို ကုတင်ပေါ်က ကန်ချခဲ့သည်။

သတို့သမီးလောင်း ဂူရှီးရှီးရောက်လာကတည်းက သူမက သူမအစ်ကိုပေါ် သာမန်ထက်ပိုပြီးချစ်မိနေတယ်ဆိုတာ သေချာသွားသည်။ ဒါကြောင့် လက်ဖက်ရည်တွေကို သေချာစိစစ်ထားတာဖြစ်ပြီး ဂူရှီးရှီးရဲ့ဂုဏ်သတင်းက ညချင်းတွင်းမှာပဲ ပျက်စီးသွားခဲ့သည်။

အမြောက်စာဇာတ်ကောင်လေးရဲ့စေ့စပ်ပွဲက အဆုံးသတ်သွားကာ ဂူမိသားစုကနေလည်း အကန်ထုတ်ခံရပြီး ဇာတ်လမ်းအစမှာပင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ဇာတ်ပို့လေးသာဖြစ်သည်။

အခု သူမက သုံးခန်းစာလောက်တောင်မပါရတဲ့ အမြောက်ကောင်ဇာတ်ရံလေးဖြစ်လာတာပေါ့လေ?!

"ကော အခန်းထဲမှာမရှိဘူးလား?"
ဟော်ဝမ်ချန်ရဲ့အသံက နီးကပ်လာသည်။ သူမရဲ့အသံက တစ်စတစ်စနဲ့ အဝတ်ဗီရိုအနားကိုရောက်လာသည်။

ရုတ်တရက်နူးညံ့တဲ့အသံကနေ အံကြိတ်သံအဖြစ်ကိုပြောင်းသွားကာ
"မစ်ဂူ?"

ဂူရှီးရှီးနှလုံးရပ်မတန့်ဖြစ်သွားသည်။ သူမ အသက်ရှူသံကိုထိန်းထားကာ မလှုပ်ရှားရဲဖြစ်နေသည်။ အသံသေးသေးလေးတစ်ခုထွက်သွားတာနဲ့ သူမရဲ့အဆုံးသတ်ဖြစ်သွားမှာကို ကြောက်နေမိသည်။ ဟော်ဝမ်ချန် တံခါးဖွင့်လိုက်တာနဲ့ သူမနဲ့မျက်နှာချင်းဆိုင်ရမှာဖြစ်သည်။ ပြီးရင်တော့ ကြောက်စရာကောင်းတဲ့ ဗီလိန်ကြီးကို ရင်ဆိုင်ရလိမ့်မယ်!

သူမ ဘာလို့အဝတ်ဗီရိုထဲမှာပုန်းနေတာလဲလို့မေးရင် ဘယ်လိုဖြေရမလဲ?

ရှပ်! ရှပ်!

ဟော်ဝမ်ချန်က စက္ကန့်ပိုင်းအတွင်းမှာတင် ဗီရိုကြီးရဲ့အရှေ့ကိုရောက်လာတော့မည်။ သူတို့ကြားမှာ ဗီရိုတံခါးပဲကျန်တော့တာကြောင့် ဂူရှီးရှီးခမျာ အသက်ရှူသံမပြင်းသွားအောင် သေချာထိန်းနေရသည်။ အခု သူတို့ကြားကအကွာအဝေးက လက်မောင်းတစ်ဖက်စာလောက်တောင် မရှိတော့။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now