33+34+35+36

2.5K 395 3
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၃၃+၃၄

အခန်း - ၃၃ / Highkey Maserati ရောက်ပါပြီ! 2/

ဘာသာပြန်သူ - Emily

**

ဂူရှီးရှီးလက်ထဲက ပန်းချီဆွဲစုတ်တံက လင်ရှောင်းမိန် အစောနက ဆွဲထားသည့် စုတ်တံပင်။ ဒါပေမဲ့ အရောင်တွေရောနှောနေတဲ့စုတ်တံတူတစ်ခုက ဂူရှီးရှီးရဲ့လက်ထဲရောက်သွားတော့ အခြားတစ်ခုလိုဖြစ်သွားပါလား!

ဂန္ဓာမာပန်းရဲ့အနားတွေကို ရေနည်းနည်းနဲ့လိုက်ဆွဲလိုက်ကာ ခဏအတွင်းမှာပဲ ပွင့်ဖတ်ရော ဝတ်မှုံပါ အဝါရောင်ဖျော့ဖျော့လေးသန်းကာ သဘာဝဆန်ဆန်ပုံမျိုးလေးထွက်လာပြီး အလင်းအမှောင်အရောင်သုံးမှုလည်း မှန်ကန်စွာနဲ့ လှလှပပပုံစံလေးထွက်လာသည်။

ထိုဂန္ဓမာပန်းပွင့်လေးက အမှောင်ရိပ်ထဲကနေ အပြင်ဘက်ကို ရွှေ့လာနေပုံ လိုမျိုး ပုံစံနဲ့ထွက်လာကာ နေရောင်ခြည်ကို ထိတွေ့ချင်နေတဲ့ ပန်းလေးလိုမျိုး ခံစားမှုကို ပေးစွမ်းနေသည်။

ပန်းတစ်ပွင့်ချင်းစီက ကမ္ဘာတစ်ခုစီမှာရှိနေတယ်။

လင်ရှောင်းမိန် အံ့သြမှုတွေကြောင့် မှင်သက်ပြီးရပ်နေသည်။

"ရှီးရှီး…"
ဒါက မယုံနိုင်စရာပဲ!

လင်ရှောင်းမိန်ရဲ့မျက်လုံးတွေက လေးစားမှုတွေ လျှံတက်နေတော့သည်။ ဘာမှမပါပဲ ရေကိုပဲသုံးပြီး ရိုးရိုးလေးပြောင်းလိုက်ယုံနဲ့တင် ပန်းပွင့်ရဲ့အခြေနေက လုံးဝကို ပြောင်းလဲသွားတော့သည်။

ဒါက တကယ့်ကို စကေးပဲ!

လင်ရှောင်းမိန် ဘာပြောရမယ်မှန်းကို မသိတော့ပေ။

"ဆရာမရှောင်းမိန် ကျွန်မလုပ်ခဲ့တာ မှန်ရဲ့လားရှင့်?... ပန်းပွင့်ကိုဆွဲထားတဲ့နင့်ရဲ့စိတ်ကူးက နင့်ကျောင်းသားတွေ ရေပိုသုံးမှာကို သိလို့လုပ်တာမလားဟင်?"

ဂူရှီးရှီးက သူမကို ပြုံးပြနေသည်။

"ရေဆေးဆိုတော့ ပထမဆုံးခြယ်ရမှာက ရေပဲ။ ပြီးမှ အရောင်တွေခြယ်မှာ။ ရေဆေးပန်းချီမှာ ရေမပါပဲ အရောင်တွေပဲထွက်နေရင် အဲဒါက ပန်းချီမဟုတ်ဘူး"

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now