121+122

1K 164 0
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၂၁+၁၂၂

အခန်း - ၁၂၁/ ဘော့စ်က လူလိမ်ပဲ ၂/

**

လိုအပ်တာတွေဝယ်ပြီးတော့ ရှီးရှီး စိတ်ပြန်တက်ကြွလာသည်။ လိုချင်တာတွေရလိုက်တော့ အစောနက ပင်ပန်းမှုတွေ အကုန်လုံးက ကြက်ပျောက်ငှက်ပျောက်။

ယပ်တောင်တွေအတွက် ဆွဲမယ့်ပုံတွေကိုလည်း စိတ်ကူးထားပြီးဖြစ်ကာ ဖြစ်နိုင်ရင် ချက်ချင်းထဆွဲလိုက်ချင်တဲ့ အထိပဲ။

ပြီးတော့ သူမ ထိုစိတ်ကူးတွေကို မမေ့အောင်လို့ ဖုန်းကိုယူကာ noteရေးလိုက်သည်။ ဒါမှ မမေ့မှာ။

ဟော်စစ်ရှန်း အောက်ထပ်ကိုပြန်ဆင်းလာတော့ ရှီးရှီးတစ်ယောက်အိပ်ပျော်နေတဲ့ ဟောက်သံသေးသေးလေးကို ကြားလိုက်ရသည်။ ဘာတွေ အိပ်မက်မက်နေလဲမသိ။ မျက်နှာက ကျေနပ်နေတဲ့ရုပ်ကြီးနဲ့ ပြုံးဖြီးလို့။

လုံးဝကို မိန်းကလေးနဲ့တစ်စက်မတူ။

ဟော်စစ်ရှန်း မျက်မှောင်ကျုံ့ကာ ကျော်သွားမလို့ပြင်လိုက်ပေမဲ့ ချက်ချင်းပြန်လှည့်လာသည်။ ဘာလို့ဆို ဆိုဖာပေါ်အိပ်ပျော်နေတဲ့ ကောင်မလေးရဲ့စကပ်က အပေါ်ကိုနည်းနည်းကော့တက်နေသည်။

သူမရဲ့အသားရေ…နှင်းလိုဖြူဖွေးတဲ့အသားရေက…အနက်ရောင်ဆိုဖာပေါ် အိဝင်နေတာ တိုဖူးလေးလိုပဲ။

ဟော်စစ်ရှန်း အသက်ရှူသံတို့မှားသွားခဲ့သည်။ သူမက…မဆင်ခြင်ဘူး။

သူ သူမကိုကျော်ကာ တံခါးဆီလျှောက်သွားသည်။ ပြီးတော့ ခြေလှမ်းတွေရပ်တန့်သွားကာ တံခါးကိုအေးစက်စက်ကြည့်ပြီး ပြန်လှည့်ကာ ခေါင်းအုံးတစ်လုံးကို သူမပေါင်ပေါ်တင်ပေးလိုက်သည်။ မျက်နှာကတော့အမူရာမဲ့နေတုန်း။

နောက်ထပ်တစ်လုံးပစ်တင်လိုက်သည်။ ခေါင်းအုံးနှစ်လုံး…

နောက်ဆုံး ဆိုဖာပေါ်မှာရှိသမျှ ခေါင်းအုံးအကုန်လုံး ဂူရှီးရှီးရဲ့ပေါင်ကို တစ်လုံးပေါ်တစ်လုံးဆင့်ကာ ဖုံးသွားခဲ့သည်။ ပြီးတော့ ခဏလောက်ရပ်ကြည့်လိုက်သည်။ ဒါလည်း စိတ်မကျေနပ်သေးဘူး။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now