9

2.5K 374 2
                                    

အပိုင်း - ၉ /သူမရဲ့အဝတ်ဗီရိုကို အပြည့်ဖြည့်မယ် 3/

ဘာသာပြန်သူ - Emily

**

"ကျဲကျဲ နင် ဟော်အစ်ကိုကြီးနဲ့ ဆက်နေဖို့ ဆန္ဒရှိရဲ့လား?"
ဂူဝူရွှမ်းက ဆက်ပြီးဟန်ဆောင်နေသေးတော့ ဂူရှီးရှီးပိုပြီးတော့ စိတ်ဝင်စားလာမိသည်။

"အကယ်လို့ နင် သူ့ကိုမကြိုက်ရင် ငါ ဒယ်ဒီနဲ့မာမီကိုပြောပြီး စေ့စပ်ပွဲပြန်ဖျက်သိမ်းခိုင်းလိုက်ပါ့မယ်။ နင် ဒီကနေထွက်လာပြီးရင်လည်း စိတ်မပူပါနဲ့။ အခုကစပြီး ငါပိုင်တာတွေကို နင်လည်းပိုင်ပါတယ်!"

ဒါကိုကြားတော့ ဂူရှီးရှီး လက်ထဲက နွားနို့ခွက်ကိုမှောက်ချလုနီးပါးဖြစ်သွားသည်။

ဟေး ဟေး ဟေး ဝူရွှမ်းရေ… ဒါတွေက အစကတည်းက မူလပိုင်ရှင်ပိုင်တာတွေချည်းပါပဲနော်? ကြည့်ရတာ ကြာပန်းဖြူလေးက အရမ်းဥာဏ်ကောင်းတဲ့ပုံပဲ။

"ထွက်သွား"
ဂူရှီးရှီး လက်အမူအရာနဲ့ ဂူဝူရွှမ်းကိုနှင်လိုက်သည်။
"ငါအခု ဆက်စားလိုက်ဦးမယ်"

အခု ကိုယ့်အသက်ကို အရှည်ကြီးဆွဲဆန့်ဖို့အတွက်နဲ့ အလုပ်များနေတာမို့ ကြာပန်းဖြူညီမလေးကို အချိန်ပေးဖို့ သူမအားမနေ။ သူမလက်ထဲက ပေါင်မုန့်ကင်ကို ပါးစပ်ထဲထည့်ကာ နွားနို့အကုန်လုံးကိုမော့သောက်လိုက်ပြီး ပါးစပ်အပြည့်ဝါးနေလိုက်သည်။

ဟိုနှစ်ယောက်ကတော့ သူမကို မကြည်အကြည့်နဲ့ကြည့်နေကြပေမဲ့ ဂူရှီးရှီးကတော့ ဂရုမစိုက်ပဲ စားစရာရှိတာ ကုန်အောင်အရင်စားလိုက်သည်။ ပြီးမှ
"ငါ သူနဲ့ပဲ နေချင်တယ်"

ငါလေး သူ့ကို အရမ်းလက်ထပ်ချင်နေတာမဟုတ်ပါဘူးနော်။ ငါ့ဘဝလေးအတွက်ပဲ! အသက်ရှည်ရှည်နေရဖို့အတွက် လုပ်နေတာ!

ဂူဝူရွှမ်း နှုတ်ခမ်းတွေ တုန်သွားကာ
"ကျဲ နင် ဆန္ဒရှိတာလား?"

သူမအနေနဲ့ လာလမ်းတစ်လျှောက်လုံး ဂူရှီးရှီးကိုသိမ်းသွင်းဖို့အတွက် စကားလုံးတွေ စီစဉ်လာခဲ့တာဖြစ်သည်။ ဒီတောသူမ ဂူအိမ်တော်ကိုပြန်လာပြီး သူမနဲ့အတူ ဂူမိသားစုရဲ့ပိုင်ဆိုင်မှုကို လာမလုပဲ ဒီနေရာမှာပဲနေဖို့အတွက် နားချဖို့လာတာဖြစ်သည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now