123+124

1.2K 180 2
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၂၃+၁၂၄

အခန်း - ၁၂၃

**

စနေနေ့ညရဲ့လက သာနေသည်။ စံအိမ်အပြင်ဘက်က ဥယျာဉ်ငယ်ကတော့ လရောင်အောက်မှာ အေးချမ်းနေခဲ့သည်။

ရှီးရှီး အဝတ်ပုခက်ပေါ်မှာလှဲလျောင်းနေကာ အေးမြမှုကို ခံစားနေသည်။

ဒီလိုမျိုးနွေးထွေးပြီးသက်တောင့်သက်သာဖြစ်တဲ့နေ့တွေက အရမ်းနေလို့ကောင်းသည်။ သူမ မျက်နှာကိုလက်နဲ့အုပ်ထားကာ လက်ချောင်းလေးတွေကြားထဲကနေ ကောင်းကင်ပေါ်က ကြယ်တွေနဲ့လမင်းကြီးကို ခိုးကြည့်နေသည်။ ညရဲ့တိတ်ဆိတ်မှုအောက်မှာ စိတ်ကူးများစွာက သူမစိတ်ထဲ ဝင်ရောက်လာနေခဲ့သည်။

(ဒင် ဟော်စစ်ရှန်းဆီက နှစ်သက်မှုရရှိပါတယ်)

ရှီးရှီး အံ့အားသင့်သွားပေမဲ့ ပြုံးလိုက်သည်။ ယပ်တောင်ကို သူ ကြိုက်မယ်ဆိုတာကို သူမ သိပြီးသားလေး အနက်ရောင်က ဆန်းကြယ်မှုကိုဖော်ကျူးပြီးတော့သူ့ရဲ့အော်ရာနဲ့လည်း တော်တော်ကိုကိုက်ညီသည်။

"ယေး..ဆက်လုပ်ကြတာပေါ့"

ရှီးရှီး ပျော်ရွှင်စွာနဲ့ပဲ အိမ်ထဲပြန်ဝင်လာခဲ့သည်။ သွားတိုက်ပြီးတော့ အိပ်ရာဝင်ဖို့အဆင်သင့်ဖြစ်နေပြီ။ သူမ ဒီနေ့မှာယူထားတဲ့ယပ်တောင်ပုံတွေကို ချန်ခယ့်ရှင်းထံကိုပို့ပေးလိုက်သည်။

(မြောင်မြောင် ကြည့်ကြည့်။ နင် ဘယ်တစ်ခုကိုလိုချင်လဲ)

(အားလုံးက နှစ်ဖက်ပိုးသားတွေချည်းပဲ။ ငါ နှစ်ဖက်စလုံးမှာ ပန်းချီဆွဲပြီးတော့ ခေါင်းစဉ်တပ်လို့ရတယ်။ နင် ပြောချင်တဲ့ခေါင်းစဉ်တစ်ခုခုရှိလား။ ဒါမှမဟုတ် ငါ့အတွေးနဲ့ငါ့ဘာသာပဲ ဆွဲလိုက်ရမလား)

သူမ မက်ဆေ့ပို့လိုက်ပြီးနောက် friend requestတစ်ခုကိုတွေ့လိုက်ရသည်။

(ငါက Happy Chubsterပါ)

ရှီးရှီး မျက်ခုံးပင့်သွားသည်။ ဒီတစ်ယောက်က သူမရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ခဲ့တဲ့သူလား။ ဒါမှမဟုတ် Taobaoကနေ သူမကိုတွေ့တဲ့တစ်ယောက်လား။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now