129+130

892 132 1
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၂၉+၁၃၀

အခန်း - ၁၂၉

**

"ဒါက ဝေးကွာတဲ့အမြင်ပဲ။ မြင်ကွင်းက အရမ်းမြင့်တဲ့တောင်ထိပ်ကနေကြည့်နေတဲ့မြင်ကွင်း။ တံတားရော တိမ်ရော ရေကော လေကောကို မြင်နိုင်ခံစားနိုင်တယ်"

ရှီးရှီးကပြုံးလိုက်ကာ
"လုံးဝမှန်တယ်"

ထိုကောင်မလေး မျက်လုံးပြူးသွားသည်။ ဒါက အလုပ်ဖြစ်တာလား။ ဂူရှီးရှီးက သဘာဝအတိုင်းပဲ မျဉ်းတွေနဲ့ဆွဲမယ်လို့ထင်ပြီး သူမကိုထေ့ငေါ့ဖို့စကားလုံးတွေတောင် စီထားတာလေ။

"လေကရော။ လေက ဘာလို့ တိမ်တွေကို အဝေးကိုလွှင့်သွားအောင် မတိုက်တာလဲ"
သူမ အံကြိတ်လိုက်သည်။ျ

ရှီးရှီးက စုတ်တံကိုမြှောက်လိုက်ကာ
"ငါ အခုထိ ဆွဲလို့မပြီးသေးဘူးလေ။ ဘာတွေလောနေတာလဲ"
သူမ ပိုသေးတဲ့စုတ်တံကိုယူလိုက်ကာ မြို့နံရံပေါ်မှာ အလံတစ်ခုကိုဆွဲလိုက်သည်။ လေထဲမှာလွှင့်နေတဲ့အလံပေါ့။

လင်ရှောင်းမိန် မျက်လုံးပြူးသွားကာ
"ကြည့် ဒါက နင်လိုချင်တဲ့လေပဲ"

"ကောင်းပြီလေ။ ဒါဆို ရေကရော။ မြို့ရဲ့ဒီဘက်ထောင့်ကနေ ရေရှိဖို့ဆိုတာက မဖြစ်နိုင်ဘူး"

ရှီးရှီပြုံးလိုက်ကာ စုတ်တံကိုနည်းနည်းလှုပ်လိုက်သည်။ သူမ နာရီစင်ကိုလည်းဆွဲထားကာ အောက်မှာတော့ ရေအိုင်လေးတွေဆွဲထားပြီး နာရီစင်ရဲ့ပုံရိပ်ကိုကွေးကွေးလေးထည့်ဆွဲထားသည်။

ထိုကောင်မလေးကတော့ ဒေါသထွက်ပြီး မျက်နှာက အရောင်စုံနေပြီ။

လင်ရှောင်းမိန်ကတော့ လုံးဝကိုရှီးရှီးရဲ့ဖန်ဖြစ်သွားပြီ။ ရှီးရှီးကိုကြည့်တဲ့ သူမမျက်လုံးထဲမှာ ကြယ်တွေလင်းလက်နေသည်။
"ဗွက်အိုင်ထဲကိုစီးကျနေတဲ့ရေတွေက မိုးရေတွေပဲ။ ဒါက နင်လိုချင်တဲ့ ရေတွေ"

ရှီးရှီး စုတ်တံကိုချလိုက်သည်။

"ဒီလောက်ပါပဲ။ မိန်မိန် နင် ဒါကိုတွေးဖို့အတွက် အချိန်မရပဲဖြစ်သွားလို့ပါ။ နင် ဒါကိုတွေးမိသွားရင် ကောင်းကောင်းဆွဲနိုင်မယ်ဆိုတာ သေချာတယ်"

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now