117+118

1.1K 119 3
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၁၇+၁၁၈

အခန်း - ၁၁၇

**

သူမ စာပို့ပြီးတော့ ချန်ခယ့်ရှင်း ပုံမှန်ထက် ပိုမြန်စွာ စာပြန်ပို့လာသည်။

/မြောင်မြောင် - …ငါ နင့်ကို မုန်းလို့ အရှက်ခွဲဖို့အတွက် စားသောက်ပွဲဖိတ်ခဲ့တာကို နင် မကျေမနပ်ဖြစ်နေတုန်းလားဟင်…/

ရှီးရှီး အသံထွက်ရယ်မိသွားသည်။ သူမ ထပ်မရေးချင်တော့လို့ အသံမက်ဆေ့ပဲပို့လိုက်သည်။

/နင် အတွေးလွန်နေပြီ။ ကုန်ကြမ်းမရှိသေးတာရော ငါအလုပ်သွားရဦးမှာရော ဘာပုံဆွဲမလဲဆိုတာစဉ်းစားဖို့ အချိန်လိုအပ်တာကြောင့်ရောကြောင့် အချိန်က နောက်တစ်ပတ်ဖြစ်သွားတာ။ ငါ့မှာသာ ကုန်ကြမ်းနဲ့အချိန်ရှိနေရင် တစ်နေ့ကို အခု၁၀၀ကျော်လောက် လုပ်နိုင်တယ်။ ဒါပေမဲ့ နင်က အရည်သွေးကောင်းတဲ့ဟာကိုပဲ လိုချင်မှာလို့ ငါ တွေးခဲ့လို့/

မှင်ပန်းချီပုံအသေးစားလေးဆွဲတာက အချိန်သိပ်မယူပါ။ အထူးသဖြင့် ကျွမ်းကျင်နေတဲ့လူမှာပေါ့။ ကော်ပီကူးဆွဲပြီး လေ့ကျင့်ထားတာတွေများတော့ အချိန်သိပ်မကြာပဲ ဆွဲတတ်နေပြီလေ။

သူမရဲ့လက်ရှိလယ်ဗယ်မှာ သူရဲ့စကေးက အလုပ်ပေါ်မှာ ကန့်သတ်ချက်မရှိပါ။ ဒါပေမဲ့ ပန်းချီကားကို ဖန်တီးဖို့ အတွေးတွေကိုတော့ လိုအပ်သည်။

ဒီနေ့ဆွဲခဲ့တဲ့ မိုးရေထဲက ဝါးပင်လိုပေါ့။ ဝါးပင်ကို လူကိုယ်တိုင်သွားတွေ့ရဖို့အတွက် သူမ အချိန် ၂နာရီကျော်ကျော်လောက်ကုန်သွားခဲ့တယ်လေ။ အကယ်လို့ စီစတမ်ကြောင့်သာမဟုတ်ရင် ဒီလိုရလဒ်ကောင်းထွက်လာဖို့အတွက် သူမ နှစ်ပေါင်းများစွာတိုင်အောင် နေ့တိုင်းကြိုးစားလေ့ကျင့်နေမှရလိမ့်မည်။   

ဒီပန်းချီကို သူမ ကိုယ်ရောစိတ်ပါနစ်ဝင်ပြီးဆွဲခဲ့တာမို့ အခုစုတ်တံကိုင်ထားတဲ့လက်တောင် လျော့ချင်နေပြီ။ နောက်ရက်တွေကျရင် စိတ်အခြေနေကို ပြန်လည်ကုစားဖို့ နည်းနည်းချင်းစီ ပြန်လည်လေ့ကျင့်ရမယ်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now