101+102

1.3K 232 2
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၀၁+၁၀၂

အခန်း - ၁၀၁ /မြောင်မြောင် ငါ့အတွက် လျှို့ဝှက်ထားပေးနော်/

**

ဒါက ပန်းချီကားကို ချီးကျူးနေကြတာဖြစ်သည်။ ပန်းချီကားက ပွဲဦးထွက်စကတည်းက သက်ကြီးရွယ်အိုတွေကြိုက်နှစ်သက်သည့် အကောင်းဘက်ကို ရရှိခဲ့သည်။ ပြီးတော့ လူကြီးပိုင်းက လူတိုင်းက ပန်းချီကားကို လက်နဲ့ထိကြည့်ကြသည်။

အခုထိ ကလေးတစ်ယောက်မမွေးဖူးသေးတဲ့ မျိုးဆက်ငယ်တွေအတွက်ကတော့ ပန်းချီကားကိုကြည့်ပြီး ပျော်ရွှင်မှုကို ခံစားဖို့ကို ခက်ခဲနေလိမ့်မည်။

ဂူရှီးရှီးရဲ့ ပစ်မှတ်ကတော့ အလယ်တည့်တည့်ကိုပင် ထိသွားလေပြီ။

မြောင်မြောင် လို့ခေါ်တဲ့ ချန်ခယ့်ရှင်းရဲ့ လိမ္မော်ရောင်ကြောင်လေးကို ဆွဲခဲ့တုန်းကလည်း မှတ်ချက်ကောင်းရခဲ့သည်။ မဟုတ်ဘူးဆိုရင်တော့ အကြောင်းပြချက်က ချန်ခယ့်ရှင်းက အရင်က ကြောင်လေးရှိဖူးခဲ့ပြီး ကြောင်လေးတွေကို ချစ်တတ်တာကြောင့် သူမပန်းချီကားကို နှစ်သက်တာလောက်ပဲ။

မတူညီတဲ့ပန်းချီကားတွေက မတူညီတဲ့အကျိုးသက်ရောက်မှုတွေနဲ့ မတူညီတဲ့အဆင့်တွေမှာ ရှိကြသည်။ အတွေ့အကြုံနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလည်း လိုအပ်သေးတာကိုး။

ပန်းချီကားရဲ့ လွှမ်းမိုးမှုက လူတိုင်းအပေါ် အလုပ်မလုပ်ပေ။

"ဒီပန်းချီကားကို နာမည်မသိတဲ့ ဆရာကြီးတစ်ယောက် ဆွဲထားတာလို့ထင်တယ်။ မှင်ပန်းချီဆရာကြီးဖြစ်ရမယ်။ ဆရာကြီးက ငါတို့ခယ်ခယ်နဲ့ရင်းနှီးလို့ ပန်းချီဆွဲပေးတာပေါ့။ လူတိုင်းက ဒီလိုအစစ်အမှန်တန်ဖိုးကို လိုချင်နေကြတာလေ"
အဖွားချန်ကတော့ ပန်းချီကားကို အမွှမ်းတင်နေတော့သည်။

"စုတ်ချက်တွေကိုလည်းကြည့်လိုက်ဦး ညီညာပြီးချောမွေ့နေတာပဲ။ အရောင်တွေကလည်း သဘာဝကျလွန်းတယ်။ ကာရိုက်တာတွေနဲ့အမူအရာတွေကလည်း သဘာဝဆန်လွန်းတယ်။ အထူးသဖြင့် ဒဏ္ဍာရီမက်မွန်သီးရဲ့ပုံစံပဲ။ ငါတော့ အဆင့်မြင့်ပန်းချီကားတစ်ချပ်ကို မြင်လိုက်ရတာပဲ"

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now