13+14

2.7K 383 3
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၃ /လက်ဆောင်အသစ်ရယူပါ 2 /

ဘာသာပြန်သူ - Emily

**

"ကြည့် ကျွန်မတို့မှာ အခုအများကြီးရှိနေပြီလေ။ ကျွန်မက ဒါကိုပြောချင်တာပါ"
သူမရဲ့နှလုံးသားထဲက စကားလုံးတွေကိုမပြောထုတ်ခင် ဦးနှောက်နဲ့အရင် စဉ်းစားလိုက်ပြီးမှ

"ဘော့စ် ဒီဘဝမှာ ကျွန်မက အသက်ရှင်နေအချိန်မှာ ရှင့်ရဲ့သတို့သမီးလောင်းဖြစ်တာမို့ သေသွားသည့်တိုင် ရှင့်အပိုင်ပဲဖြစ်နေမှာပါ!"

သူမရဲ့စကားကြောင့် ဟော်စစ်ရှန်းရဲ့လက်တွေက တန့်သွားသည်။ ပြီးတော့ ခပ်ချောချောမျက်နှာက ပြန်လှည့်လာကာ သူမကို သတိပေးသလိုကြည့်လာသည်။

ပြီးတော့ လက်ကိုမြှောက်ကာ သူမလက်ထဲကို လက်သန့်ဆေးရည်ဗူး ထည့်ပေးသည်။

ဂူရှီးရှီး - "…"

ဒါက စမ်းသပ်ခြင်းတစ်မျိုးပဲလား?

သူမ တံတွေးမြိုချမိသွားကာ သဘာဝကျကျပဲ သရုပ်ဆောင်လိုက်သည်။ ပန်းချီအနုပညာရှင်တစ်ယောက်အနေနဲ့ သူမမှာ သူမရဲ့လက်တွေကို အထူးဂရုစိုက်ရမယ်လေ။

ဟော်စစ်ရှန်းက ခဏလောက်စောင့်ကြည့်နေပြီးမှ သူမရဲ့လုပ်ဆောင်မှုကို ကျေနပ်သွားသလို ခေါင်းတညိမ့်ညိမ့်နဲ့ ထွက်သွားသည်။

"ဒါဆို…ကျွန်မ ဆက်နေလို့ရလားဟင်?"

အဝေးကိုလျှောက်သွားတဲ့ လူရဲ့နောက်ကျောကိုကြည့်ကာ ဂူရှီးရှီး ပါးစပ် ဟလျက်ကျန်ခဲ့သည်။

ဒါက ငါ စမ်းသပ်ချက်ကို အောင်မြင်တယ်လို့ ဆိုလိုလိုက်တာလား?

အခု သူမရဲ့နောက်ကျောက ချွေးတွေ ရွှဲရွှဲစိုနေပြီ။

"မစ်ဂူ ဧည့်ခန်းထဲမှာ ခဏကြာကြာစောင့်ပေးပါဦးနော်"
စီယီက လေးလေးစားစားနဲ့ပြောလာသည်။

ဂူရှီးရှီးက ဝေဝေဝါးဝါးဖြင့်
"အမ်…ကောင်းပါပြီ။ ဒါနဲ့ ဘာလို့လဲ?"

စီယီက ပြုံးပြာကာ သူမရဲ့မေးခွန်းကို ပြန်မဖြေခဲ့ပေ။ နာရီဝက်ကြာပြီးမှာတော့ အဖြေကို သူမ သိလိုက်ရပြီ။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now