19+20

2.5K 381 4
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၉ /ဝယ်သူစိတ်ကြိုက် ချည်သားဝတ်စုံ 2/

ဘာသာပြန်သူ - Emily

**

နေ့လည်ပိုင်းလောက်ကျတော့ အမျိုးသားချောချောက အလင်းရောင်မရှိတဲ့ အခန်းထဲမှာ အိပ်ပျော်နေရာကနေ နိုးလာသည်။ ပွင့်လာတဲ့ သူ့မျက်ဝန်းနက်နက်တွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ရတာကြောင့် ပင်ပန်းမှုတွေ ပျောက်ကာ လန်းဆန်းနေသည်။ ဒါပေမဲ့ ချက်ချင်း အေးစက်စက်ပုံစံပြောင်းသွားကာ

"မင်း ဘာလို့ ဒီမှာရှိနေသေးတာလဲ?"

အေးစက်စက်နဲ့စူးရှတဲ့အကြည့်က မနှစ်မြို့မှုကို မဖုံးကွယ်ပဲပြသထားကာ မျက်စောင်းထိုးထိုင်ခုံမှာရှိနေတဲ့ အဖြူရောင်ကုတ်တဲ့ ချင်ရူဟိုင်ကိုကြည့်လိုက်သည်။

ချင်ရူဟိုင်က သူ့အကြည့်ကို သတိမထားမိတဲ့ပုံစံနဲ့ လျှောက်လာကာ စိတ်လှုပ်ရှားမှုအပြည့်နဲ့
"တာ့ကော ဒီနေ့ 1နာရီနဲ့ 45မိနစ်အိပ်ခဲ့တာပဲ! ဒါက မင်းအကြာဆုံးအိပ်တဲ့ တရေးတမောအိပ်ချိန်ပဲနော်!"

ဘေးမှာရပ်နေတဲ့ စီယီက သူ့ဘော့စ်ရဲ့ ပျော်မနေတဲ့စိတ်ကို သတိထားမိကာ

"သခင်လေး ကျွန်တော် ဒေါက်တာချင်ဝင်လာတာကို မတားလိုက်နိုင်ပါဘူး။ သခင်လေးအိပ်နေတာကိုမြင်တော့ အသံထွက်အောင် လုပ်မိသွားမှာစိုးလို့ပါ"

ချင်ရူဟိုင်က သဘောတူတဲ့ပုံစံဖြင့် ခေါင်းညိမ့်ကာ
"မင်းက အာရုံကြောအားနည်းတော့ အိပ်နေတဲ့အချိန်မှာ အသံတိုးတိုးလေးကြားရင်တောင် နိုးသွားနိုင်တယ်လေ"

ချင်ရူဟိုင်က သူ့အခြေနေကို ပြန်ရှင်းပြသည်။

"ဒါပေမဲ့ အစောနက မင်းအိပ်နေတာက ငါတို့ဝင်လာလို့ ဆူညံသွားတာတောင် မနိုးလာဘူးနော်"

ဟော်စစ်ရှန်းရဲ့ဆေးစစ်ချက်တွေကိုကြည့်ပြီး သူအံ့အားသင့်စွာဆိုလာပြန်သည်။

"ဒီနေ့ ရုတ်တရက်အိပ်ပျော်မှုနဲ့ပတ်သက်တဲ့ အကြောင်းကို မတော်တဆ သင်ယူလိုက်ရတာပဲ။ မင်း ဘယ်လို အိပ်ပျော်သွားတာလဲ? ဆေးသောက်ခဲ့တာလား? အိပ်မပျော်ခင် ဘာတွေဖြစ်ခဲ့လဲဆိုတာ မှတ်မိသေးလား?"

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now