135+136

944 112 4
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၃၅+၁၃၆

အခန်း - ၁၃၅

**

ဂူရှီးရှီးရဲ့ဖုန်းက မြည်လာတယ်။

(မြောင်မြောင် - ငါ နင့်ရဲ့စတိုးမန်နေဂျာနဲ့ပြောခဲ့ပြီးပြီ။ သူမက ငါ offsideသင်လည်းရတယ်လို့ ပြောတယ်။ အမှန်တော့ အချိန်ရရင် ငါလည်း onsiteတက်ချင်ပါတယ်)

သူမ စာထပ်ရိုက်နေတာကို /typing…/လို့ပေါ်နေတာကြောင့် ရှီးရှီး သူမထပ်ပြောလာမှာကိုစောင့်နေလိုက်တယ်။ နောက်ဆုံးတော့ ချန်ခယ့်ရှင်းက မေးခွန်းတွေမေးလာတယ်။

(ငါ တစ်ခုခုယူလာစရာလိုလား။ ဘောပင်တွေ စာရွက်တွေပေါ့။ နင့်စတူဒီယိုက အဓိကအရောင်စပ်ဆေးနဲ့ဆီဆေးတွေသင်တယ်မလား)

ရှီးရှီး ဝမ်းနည်းစွာသက်ပြင်းချလိုက်ပြီး
(နင် ၅၀၀၀တန်အတန်းကို စာရင်းသွင်းခဲ့တာလား)

ဘော့စ်သာ သူမကိုဆက်ပြီးတော့ စိတ်ဆိုးနေရင် အဲဒီအတန်းကိုသူမ သွားနိုင်မှာမဟုတ်သလို ပိုက်ဆံလည်းရတော့မှာမဟုတ်ဘူး။

ဒီတစ်ခါမှတော့ အချိန်ပိုကြာပြီးမှ ချန်ခယ့်ရှင်းက တောင်းပန်စာပို့လာသည်။

(…ငါ ယွမ်၅၀၀၀၀အတန်းကိုစာရင်းသွင်းခဲ့တာ။ အာ…နင် သင်ခန်းစာစတော့မယ်ဆိုရင် ငါ့ကိုသီးသန့်သင်ပေးတဲ့အတွက် နင့်ရဲ့အဖိုးအခကိုထပ်ပေးမှာပါ)

ဂူရှီးရှီး - "…"

ယွမ်ငါးသောင်းတောင်လား…

ယွမ်သုံးရာပဲတန်တဲ့သင်တန်းကိုလေ…

သူမ ရူးသွားတာလား…

ရှီးရှီး သူမရဲ့ကိုယ်ပိုင်အကောင့်ကို ချန်ခယ့်ရှင်းဆီပို့ပေးလိုက်ကာ
(သင်တန်းကိစ္စမေးချင်ရင် ငါ့ကိုအဲဒီအကောင့်ကနေလာမေးလို့ရတယ်။ ဒီအကောင့်က ပန်းချီဆရာဂုရုအနေနဲ့ ပန်းချီကားတွေတင်ဖို့အတွက် ထားတာ)

တစ်ဖက်က အကြာကြီးတိတ်ဆိတ်သွားပြန်တယ်။ ချန်ခယ့်ရှင်းက ဆိုးဝါးတဲ့အခြေနေတစ်ခုကြားထဲရောက်နေတာကို ဂူရှီးရှီးမသိ။

ချန်ခယ့်ရှင်းတစ်ယောက် ဂူရှီးရှီးနဲ့ဂူဝူရွှမ်း နှစ်ယောက်မှာ ဘယ်သူက အမှန်ပြောနေတာဆိုတာကို အဖြေရှာနေရတယ်။ နောက်ဆုံး ကြားနေဖို့ဆုံးဖြတ်ထားတာလေ။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now