69-72

2.1K 318 8
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၆၉+၇၀

အခန်း - ၆၉ / နင် နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့လိုတယ် တောင်ကုန်းဘုရင်ရဲ့!/

ဘာသာပြန်သူ - Emily

**

ရှီးရှီး အသေးဆုံးစုတ်တံကိုယူကာ ကြောင်ရဲ့နှုတ်ခမ်းမွေးတွေဆွဲဖို့ကိုပဲ သေသေချာချာအာရုံစိုက်ထားသည်။ စုတ်ချက် တစ်ချက်ပြီးတစ်ချက်ဆွဲကာ သဘာဝအတိုင်း ထပ်တူညီတဲ့ကြောင်နှုတ်ခမ်းမွေးတွေကို ပုံဖော်နေသည်။

မှင်ပန်းချီကာ အမှားတစ်ခုခုလုပ်မိသွားရင် အစားထိုးပြီးပြန်ပြင်လို့ရတဲ့ ဆီဆေးပန်းချီနဲ့မတူပေ။ မှင်ပန်းချီဆွဲမယ်ဆိုရင် မတော်တဆများ စုတ်တံနဲ့စာရွက်ထိသွားရင် ပြီးဆုံးသွားပြီဖြစ်သည်။

အမှားလုပ်မိလို့မရတဲ့ ပန်းချီပညာဖြစ်သည်။!

တောင်ကုန်းဘုရင်* ကတော့ ပြောချင်ရာတွေကို မနားတမ်းဆက်ပြောနေသည်။ ဒီတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ အခြားနှစ်ယောက်လည်း မနေသာတော့ပဲ ဝင်ပြောလာသည်။

မြောင်မြောင် - ချန်နယ်ပိုင်ရှင်က ငါ့ကို ပေးမယ်လို့ ကတိပေးထားပြီးပြီ။ ဆောရီးပဲ!

မန်နေဂျာဖြစ်ချင်တယ် - အစ်ကိုတောင်ကုန်း တိတ်တိတ်လေးနေပေးလို့ ရမလား။ မင်းရဲ့ကောမန့်တွေက သူမပန်းချီဆွဲနေတာကို ဈာန်ဝင်စားပြီးကြည့်နေတဲ့ ငါ့ရဲ့စိတ်လေးကို အနှောင့်အယှက်ဖြစ်စေတယ်။

တောင်ကုန်းဘုရင်က တိုက်ရိုက်ထုတ်လွှင့်မှုကို စကြည့်ကတည်းက ဂူရှီးရှီးရဲ့စုတ်တံတွေကို တစ်ချိန်လုံးလိုက်ကြည့်နေသည်။ အခြားလူတွေရဲ့ကောမန့်ကို လိုက်ကြည့်နေဖို့ သူ့မှာ အချိန်မရှိပါ။

ခဏနေတော့ သူ့ကိုပြောထားတဲ့ မန့်တွေကိုတွေ့သွားသည်။ မြောင်မြောင်ရေးထားတဲ့စာကိုတွေ့တော့ သူ သွေးအန်ချင်သွားသည်။

တောင်ကုန်းဘုရင် - ချီး! မင်းရဲ့ပန်းချီကားကိုဝယ်ဖို့ ငါ 4ရက်တောင်ကြိုပြောထားတာလေ။ ဒါကို အခု မင်းက အလကာပေးပစ်နေတာလား? ငါ မင်းကို 50000ပေးမယ်။ ဒီလိမ္မော်ရောင်ကြောင်ကို ငါ့ကိုရောင်းပေး။ ချန်နယ်ပိုင်ရှင်ရေ...ချန်နယ်ပိုင်ရှင်!!!

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now