113+114

691 98 2
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၁၃+၁၁၄

အခန်း - ၁၁၃

**

သူမ ပန်းချီဆွဲတဲ့စားပွဲဆီကို မြန်မြန်ပြန်လာခဲ့သည်။ ဘော့စ်ရဲ့နှစ်သက်မှု တိုးတက်ဖို့ ပန်းချီကားဆွဲလို့ပြီးချင်နေပြီ။

"စောင့်ခိုင်းရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်နော်…အခု စလုပ်တော့မယ်နော်။ အားလုံး ကျွန်မ ဘာလုပ်မယ်ဆိုတာကို ခန့်မှန်းလို့ရတယ်။ ဒါပေမဲ့ မှန်မှမဟုတ်ဘူး"

ရှီးရှီး အခုနက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ စားပွဲပေါ်က တုတ်ချောင်းတွေကို စတင်ကိုင်လိုက်သည်။

"ကျွန်မ ဒီနေ့ လုပ်မယ့်အရာက လက်လုပ်ယပ်တောင်လေးပါ"

ဒါက သူမကို ရနံ့ဆီလက်ဆောင်ပေးထားတဲ့ ဘော့စ်အတွက် ပြန်ပေးမယ့်လက်ဆောင်ပဲ။ အခုနေ သူ့ကိုလက်ဆောင်တွေပေးထားရင် အနာဂတ်မှာ အများကြီးပြန်ရလိမ့်မယ်။

(အမ်..ထုတ်လွှင့်သူက ဒီနေ့ လက်လုပ်ယပ်တောင် လုပ်ပြမှာတဲ့လား။ သူမဘာသာ ယပ်တောင်ပုံစံဆွဲပြမှာကိုပြောတာလား)

/အနက်ရောင်လက်လုပ်ယပ်တောင်လား။ စာရွက်က အမဲရောင်တွေချည်းပဲနော်…/

/ဒါက အံ့သြစရာကောင်းတယ်လို့ ငါထင်တယ်။ ဒါပေမဲ့ ထုတ်လွှင့်သူရေ နင်က ချမ်းသာတဲ့ဒုတိယမျိုးဆက်လားဆိုတာကို ပြန်ဖြေပေးပါဦး/

ရှီးရှီးက ဖုန်းကိုမကြည့်ပဲ သူမလက်ထဲက ဟာတွေကိုပဲ အာရုံစိုက်နေသည်။ အစက ရန်ဖြစ်နေကြတဲ့ အင်တာနက်သုံးစွဲသူတွေကလည်း သူမရဲ့အသံလေးကြောင့် စိတ်ငြိမ်သွားကြပြီ။

အစောနက တောင်ကုန်းဘုရင်ကို အော်ဟစ်ရန်စွာနေကြတဲ့လူအားလုံး ငြိမ်သက်ကာ ဂူရှီးရှီးကိုပဲ အာရုံစိုက်လိုက်ကြသည်။

ရှီးရှီးကတော့ သစ်သားတုတ်ချောင်းလေးတွေနဲ့ ခဏဆော့လိုက်သေးသည်။ သူမ စခရင်မ်ကိုမကြည့်ပေမယ့် စကားတော့ဆက်ပြောနေသည်။

"ကျွန်မ ဒီတုတ်ချောင်းကိုရော ယပ်တောင်အရွက်ကိုရော အွန်လိုင်းပေါ်က ဝယ်ခဲ့တာ။ ဒါကိုလုပ်တာက မခက်ပါဘူး။ စိတ်ဝင်စားရင် ကြိုးစားကြည့်သင့်တယ်"

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now