3

3.4K 410 0
                                    

အပိုင်း - ၃

ဘာသာပြန်သူ - Emily

**

ဂူရှီးရှီး လန့်ကာ ဘေးက ဝတ်စုံလက်ကို လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ အသက်ရှူသံကိုပြန်ထိန်းကာ အပြင်ဘက်က လှုပ်ရှားသံကို နားစွင့်နေလိုက်သည်။ ကြည့်ရတာ သူမရဲ့သတို့သားလောင်းက စာအုပ်ဖတ်နေတာလားပဲ။ စာရွက်လှန်သံက အခန်းထဲမှာ ကျယ်လောင်စွာပဲ ထွက်ပေါ်နေသည်။

ဂူရှီးရှီး နှုတ်ခမ်းကိုက်လိုက်သည်။ ဗီရိုထဲမှာ ဒူးထောက်ချပြီး ဒီလူအကြောင်းကို မှတ်မိအောင်လုပ်ဖို့ကလွဲပြီး သူမမှာ ရွေးချယ်စရာမရှိပေ။

ဝတ္ထုထဲမှာ ဟော်စစ်ရှန်းက သူ့အဖိုးနဲ့သူ့အဖေကိုသေစေခဲ့တဲ့သူလို့ ပြောသည်။ (သူက ကံဆိုးသူမို့ သူ့အနားက လူတွေသေရတာကိုပြောတာပါ။ သူ သတ်တာမဟုတ်ပါ)

သူက မွေးကတည်းက အခြားသူတွေကို ကူးစက်ရောဂါလို ဆက်ဆံတယ်လို့ ကြားရသည်။ သူက အေးစက်ပြီးမာနကြီးကာ ဟော်မိသားစုကိုဆက်ဆံတာလည်းကြာပြီ။

စာအုပ်ထဲက သူ့တာဝန်က မင်းသားနဲ့မင်းသမီးကြားက အချစ်ရေးကို ထောက်ပံ့ပေးဖို့တစ်ခုသာဖြစ်သည်။ အဲဒါသာပြီးရင် သူလည်းသေမှာပဲ။

ဂူရှီးရှီး ဒူးတွေကို လက်နဲ့ပိုက်ထားမိသည်။ သူမကတော့ စာအုပ်ထဲကူးပြောင်းလာတာနဲ့ကို သေရတော့မယ်လေ…

တဖြည်းဖြည်းနဲ့အေးလာတာကြောင့် သူမ ဂျက်ကက်တစ်ထည်ကိုဖြုတ်ကာ အသံမမြည်အောင် သေသေချာချာလုပ်ပြီး သူမကိုယ်ပေါ် ခြုံထားလိုက်သည်။

နောက်ထပ် သူမ ဘာထပ်လုပ်ရမလဲ?

သူမ နှုတ်ခမ်းကိုက်လိုက်မိသည်။ ငါ အသက်ရှင်ချင်တယ်!

အခုက သူမဘဝမှာရတဲ့ ဒုတိယအခွင့်ရေးဖြစ်သည်။ အသက်ရှင်ရဖို့အတွက် ဘာမဆိုလုပ်မှာပဲ!

သေရတာက အရမ်းနာကျင်ရတယ်။ နောက်တစ်ကြိမ် ထပ်မကြုံချင်ဘူး။

ဂူရှီးရှီး အဝတ်ဗီရိုထဲမှာပဲ စိတ်ဆုံးဖြတ်ချက်ချနေသည်။ ခဏနေရင် သူမ လှုပ်ရှားတော့မှာ…

**

နေဝင်သွားတာနဲ့ အခန်းကလည်း ခပ်မြန်မြန်ပဲ မှောင်သွားသည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now