Part {8}

7.3K 616 9
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၈)

"ဆရာမလေး..."
အခန်းတံခါးအားဖွင့်ရန်လှမ်းမိသည့်လက်တို့မှာခေါ်သံကြောင့်ရပ်တန့်သွားမိသည်။အသံလာရာအားကြည့်လိုက်ရင်း စာသင်ဝိုင်းဆီလျှောက်လာလိုက်မိတော့သည်။
"ဒီမှာ birthday present"ဟုဆိုကာ အိတ်ထဲမှာအစိမ်းရောင်အလှအိတ်သေးသေးလေးအား ထုတ်ကာကမ်းပေးလေသည်။
"မဟုတ်တာဆရာမကလည်း..ရပါတယ်မပေးပါနဲ့"
"ယူပါဆို..ဒါညကတို့ကိုယ်တိုင်ထိုးထားတာ"
ကိုယ်တိုင်ထိုးထားတာဆိုတာကြောင့် ဝသုန့်ရင်ထဲကြည်နူးမိသွားသည်မှာအမှန်ပင်။လက်ထဲသို့ထည့်ပေးသည့်အိတ်ကလေးအား တယုတယကိုင်ရင်း
"ကျေးဇူးတင်ပါတယ်နော်ဆရာမ...တကူးတကလုပ်ပေးလို့"
"မလိုပါဘူးဆို...ဒီကောင်မလေးနဲ့တော့"
ထိုစကားကိုရယ်ရင်းပြောတာကြောင့်ဝသုန်လည်းရယ်လိုက်မိသည်။
"တို့ဟိုဗီဒိုထဲတော့မဝင်ချင်ဘူးနော်"
ပြောရင်းလှေကားအတက်ရှိဗီဒိုအားလက်ညှိုးညွှန်ပြလေသည်။ခဏတော့ဝသုန်လည်းကြောင်သွားကာပြီးမှသတိရပြီးရယ်မိတော့သည်။ဝသုန်ကလက်ဆောင်ရတဲ့ပစ္စည်းလေးတွေဆို ထိုဗီဒိုထဲထည့်သိမ်းထားတတ်သည်။တန်ဖိုးများသည်ဖြစ်စေ၊မများသည်ဖြစ်စေသူများပေးတာဆိုတယုတယသိမ်းတတ်တာအကျင့်ပင်။
"ဟီး..ဆရာမကလည်းမထည်ပြာဘူးသုံးပါ့မယ်"
"ပြီးတာပါပဲလေ တော်ကြာတို့ဗီဒိုထဲရောက်နေမှာစိုးလို့.."ရယ်မောရင်းပြောသည့်အမျိုးသမီးမှာနှစ်လိုဖွယ်ကောင်းလှသည်။ပါးချိူင့်ထင်းထင်းလေးမှာပေါ်နေပြီး ရယ်လိူက်တိုင်းမှေးကျသွားသည့်မျက်ဝန်းလေးတွေမှာလည်း ချစ်စဖွယ်ပင်။စာသင်တာရှုပ်သလိုဖြစ်မှာစိုးတာကြောင့် အခန်းဆီသို့ပြန်ဝင်ကာ အိတ်ကလေးအား သဘောကျစွာကြည့်နေမိတော့သည်။

အဖြူနှင့်အစိမ်းအားစပ်ကာထိုးထားသည့်bowကလေးဖြစ်ပြီးကလစ်ပေါ်တွင်ပန်းကလေးသုံးပွင့်ထိုးကာကပ်ထားလေသည်။ဘေးမှာပန်းလေးနှစ်ပွင့်အားတန်းလန်းလေးချထားသေးတာကြောင့် ဝသုန့်မှာသဘောကျနေမိသည်။ကိုယ်တိုင်ထိုးပေးထားသည်ဆိုသည့်အသိကပိုရျ်ပျော်ရွှင်စေလေသည်။အိတ်ကလေးထဲဝယ် အစိမ်းရောင်စာရွက်သေးသေးလေးပါသေးတာကြောင့်ထုတ်ယူကာဖတ်လိုက်မိသည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now