Part {17}

7.3K 633 20
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း {၁၇}

"မမနီအိမ်နားရောက်နေတယ်"
ထိုတစ်ခွန်းသာပြောပြီးဖုန်းအားချလိုက်မိသည်။မဟုတ်ရင် မိုးအေးအေးနဲ့အပြင်ထွက်လာလို့ဆူနေအုံးမှာပင်။ခဏအကြာ ခြံထဲမှထွက်လာသည့်မမနီအားလှမ်းမြင်ရသည်။ရှမ်းခံလုံခြည်အစိမ်းလေးကို အပေါ်မှ အစိမ်းရောင်ချည်ကွက်လက်တိုကလေးဖြင့်တွဲဝတ်ထားပြီး ဆံနွယ်တို့မှာရုတ်တ ရက်ကြီးထွက်လာရတာကြောင့်ထင်ရဲ့ စည်းနှောင်ထားခြင်းမရှိပေ။ကတ္တီပါဖိနပ်ကလေးဖြင့် အိန္ဒြေရရလျှောက်လှမ်းလာပုံမှာ ကြည့်ရျ်ကောင်းလှသည်။မမနီကိုသဘောကျမိသည့်အထဲဒီအချက်လဲပါလေသည်။အမြဲလိုလိုရိုးရိုးယဥ်ယဥ်လေးသာဝတ်တတ်သည့်မမနီမှာ လူအများကြားထင်းနေတတ်သည်။အရိုးဆုံးကအဆန်းဆုံးဆိုသည့်စကားအား မမနီနှင့်မှနားလည်လာသည်။

"မိုးတွေရွာထားတာကို ရှင်သိပ်ဆိုးနေပါလား ဒေါ်နွေနှောင်းဝသုန်"
"မိုးရွာထားတော့ရှုခင်းတွေကကြည့်လို့ကောင်းတယ်လေမမနီရဲ့"
"ကဲထားပါ..ဘာလာလုပ်တာလဲ အိမ်ထဲဝင်မလား"ဟုဆိုရင်းမျက်နှာရှေ့သို့လွင့်ကျသည့်ဆံနွယ်စတို့အား လက်ညှိုးကလေးဖြင့် နားနောက်သို့သပ်တင်ပုံမှာ ဝသုန့်အတွက်တော့ ပန်းချီကားတစ်ချပ်သဖွယ်ပင်။ပါးပြင်ထက်က သနပ်ခါးပါးကွက်ကလေးမှာလည်းထင်းနေတော့သည်။
"စက်ဘီးလျှောက်စီးရအောင်လာခေါ်တာ"
"ရုတ်တရက်ကြီးပါလား.."
"ဟုတ်တယ် မိုးရွာထားတော့ အေးအေးလေးနဲ့စီးလို့ကောင်းမှာလေ။ပြီးတော့ အရင်ထက် ရှုခင်းတွေကပိုလှမှာ"
"ရှင်ကလေ လုပ်လိုက်ရင်အမြဲမ​ပြောမဆိုကြီးပဲ..ခဏလေးစောင့်အုံး အမေ့ကိုပြန်ပြောအုံးမယ်"
"ဟုတ် ဒီကနေစောင့်နေမယ်"
တစ်ဖက်လမ်းသို့စက်ဘီးအားကွေ့လိုက်ပြီးမမနီထွက်အလာအားစောင့်နေမိသည်။သိပ်မကြာ ခြေလှမ်းသွက်သွက်ဖြင့်ထွက်လာသည့်အမျိုးသမီးအားမြင်ရသည်။
"မေမေ့ကိုမနည်းပြောနေရတာ..ရှင်နဲ့မှလေကျွန်မမယ်မလုပ်ဖူးတာတွေလုပ်နေမိတာသိလား"
"ချစ်တာကိုလို့ ဟုတ်တယ်မလား"
"တော်ပါ..ဟွန့် ဘယ်သွားမှာလဲ မြို့ပြင်လား"
"ဟင့်အင်း မြို့ပြင်မဟုတ်ဘူး ဒီဘက်သွားမှာ"
"အင်း သွားမယ်လေ နိုင်ရောနိုင်ရဲ့လား"
"အမယ် သူ့ခန္ဓာကိုယ်သေးသေးကလေးကိုများ မနိုင်ဘဲနေမလား အထင်သေးလိုက်တာ။စွေ့ကနဲကောက်ချီလိုက်ရင်တောင်ပါလာမှာကို ခဏလေး ပန်းယူလာတယ်"
စက်ဘီးခြင်းထဲမှ နှင်းဆီနီတစ်ပွင့်အားယူကာ မမနီရဲ့နားကြားသို့ညှပ်ကာပန်ဆင်ပေးလိုက်မိသည်။နှင်းဆီနီနီဟာ တကယ်ပဲဒီအမျိုးသမီးနဲ့လိုက်ဖက်ညီလှသည်။စက်ဘီးလီဗာအားဖြေး​ဖြေးပဲဆွဲကာ ဟင်္သါတဘက်သို့သွားသည့်လမ်းဘက်အားထွက်လာမိသည်။ဒီဘက်က မြို့ပြင်ဘက်ထက်စာရင် အနည်းငယ်လူရှင်းလေသည်။ဟိုဘက်မှာကျလမ်းတစ်လျှောက် ဘော်ဒါဆောင်တွေရောရှိတာကြောင့်ကလေးတွေမြင်ရင်မမနီနေရခက်နေမှာစိုးလို့ပင်။ဝသုန့်အင်္ကျီအစလေးအားကိုင်ဆွဲကာ အနောက်မှပါလာသည့်အမျိုးသမီးရဲ့ ဆံနွယ်တို့မှာ လေတွင်လွင့်နေမှာအသေအချာပင်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now