Part {13}

6.5K 576 11
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း {၁၃}

တစ်ဖက်မှ ဟဲလို ဆိုသည့်အသံအားကြားပြီးသည့်နောက် ဝသုန့်ရင်တို့လှုပ်ခတ်သွားရသည်။လောကကြီးခဏရပ်တန့်သွားသည်ဆိုသလိုမျိုး ဖုန်းအားကိုင်ကာ ဘာမှမပြောနိုင်ခဲ့။
"ဒီအသံ..ဒီအသံကဝသုန်အကြာကြီးသတိရနေခဲ့တဲ့အသံတစ်ခုမလား။ဒီအသံကိုဝသုန်မှတ်မိသည်။"
"မမနီ.."ခပ်တိုးတိုးရေရွတ်တော့ တစ်ဖက်မှဘာသံမှထွက်မလာ။တကယ်ကို မမနီဖြစ်နေခဲ့တာပဲ။ဖုန်းချသွားသည့်တိုင် ဝသုန့်မှာ ငူငိုင်ကျန်နေဆဲ။
"ဝသုန်..ဖုန်းပြောရင်းသတိလစ်သွားတာလား"
"မမနီ.."
"ဟမ်..ဘာဖြစ်တယ်"
"မမနီလို့..မမနီဖုန်းဆက်တယ်"
"ဟယ်..အဲ့တာကိုငူငိုင်နေရသလား။ဘာတဲ့လဲ"
"ဟင့်အင်း ဖုန်းချသွားပြီ..ဒါပေမဲ့ငါပျော်တယ်သိလားဇင်ဇင်..မမနီအသံကလေးကိုငါကြားရပြီ"
"နင်သူ့ကိုအရမ်းသတိရနေတာပဲဝသုန်.."
ခေါင်းအားဖြေးညှင်းစွာငြှိမ့်ရင်း ထိုနံပါတ်အစိမ်းကလေးအားကြည့်နေမိသည်။လေးလနီးပါးဆိုသည့်အချိန်မှာ တစ်ခြားသူတွေအတွက် တိုတောင်းနိုင်ပေမဲ့ ဝသုန့်အတွက်တော့ သိပ်ကိုရှည်လျားလှသည့်အချိန်ပါလေ။ဒီလတွေအတွင်း မမနီအား သိပ်ကိုသတိရမိသည်။နှင်းဆီနီနီတွေမြင်တဲ့အခါ ပန်းမွှေ့နီနီဆိုသည့် ထိုအမျိုးသမီးအားသတိရမိသည်။နှင်းဆီနီနီတွေမတွေ့ရသည့်အခါမှာလည်း ဝသုန်ဟာ မမနီကိုမေ့မနေခဲ့ပေ။
"ငါလေမနက်ဖြန်အတွက်ရင်ခုန်နေတယ်သိလားဝသုန်"
"အဆင်ပြေမှာပါဟာ။အများကြီးမတွေးနဲ့အိပ်တော့ မနက်ဖြန်ကျ လှနေမှဖြစ်မှာ"
"ဟီးဟီး..နင်ငါ့ကိုပြင်ပေးရမယ်နော်"
"အေးပါဟယ်..ရုပ်ကိုကပြုံးဖြီးနေတာပဲ"ဝသုန်ဆိုရင်း ခြင်ထောင်အားချကာ အိပ်ရာဝင်လိုက်မိသည်။ချစ်ရသူအသံကြားရလို့ထင်ရဲ့ ထိုညကအိမ်မက်တွေလှပနေခဲ့သည်။
မနက်နိုးလာတော့ မျက်နှာသစ်ပြီး ခုတင်ပေါ်တွင် စာထိုင်ကျက်နေမိသည်။ဇင်ဇင့်အားကြည့်တော့မတွေ့။ဘယ်ထွက်သွားလဲလို့စဥ်းစားနေစဥ် ထဘီရင်လျားဖြင့် တဘတ်ခြုံကာပြန်ရောက်လာသည့် ဇင်ဇင်အား တွေ့လိုက်ရသည်။

"ဇင်ဇင် ဒီနေ့သွားစရာရှိတာလား"
"ဟာဝသုန်နော်..ပြောထားရဲ့နဲ့"ဟုဆိုရင်း မျက်နှာလေးရှုံ့မဲ့ပြကာ လက်မောင်းအား တဖြန်းဖြန်းလာရိုက်နေသည့်ဇင်ဇင်ရယ်ပါ။ထိုအခါမှ ညကပြောခဲ့သည်အား ဝသုန်ပြန်သတိရမိသွားတော့သည်။ရုတ်တရက်မေ့သွားခြင်းသာ။
"ဆောရီး..ဆောရီးဇင်ဇင်..ဝသုန်ခုနထိတော့သတိရပါသေးတယ်။အဆင်ပြေပါစေနော်"
"ကျေးဇူးဝသုန်ရေ..ဇင်ဇင်တော့ရင်တွေခုန်နေတာအရမ်းပဲသိလား..တီချယ့်ဆီကအဖြေကို ကြားချင်နေပြီ"ဟုဆိုကာ ရင်ဘတ်ကလေးအားလက်ဖြင့်ဖိလိုက်၊သွားလေးဖြင့် လက်အားကိုက်လိုက်လုပ်နေသည့်ဇင်ဇင်ပုံစံမှာ အတော်လေးစိတ်လှုပ်ရှားနေမှန်းသိသာလေသည်။ဒီနေ့ သူချစ်ရတဲ့တီချယ်ဆီက အဖြေရမည်မလို့ ပျော်နေခြင်းသာ။အဝတ်အစားရွေးကာ ပြင်ဆင်ပြီးတော့ ကိုးနာရီထိုးလုနေပြီ။
"ကဲနောက်ကျနေမယ် သွားတော့။အဆင်ပြေမယ်လို့ယုံကြည်တယ်သိလား။"
"ဒါဆို ဇင်ဇင်သွားတော့မယ်ဝသုန်"
ခြေလှမ်းသွက်သွက်ကလေးများဖြင့်ထွက်သွားသည့်ဇင်ဇင်အား ဝသုန် မြင်ကွင်းမှပျောက်သည်အထိကြည့်ရင်း ပြုံးလိုက်မိသည်။ဇင်ဇင်တီချယ်က ဝသုန်တို့ကျောင်းကပင်။ဇင်ဇင်ကတီချယ့်ကို ပထမနှစ်မှာတည်းက လိုက်ခဲ့သည်ဟုပြောဖူးသည်။ဝသုန်ကြည့်ရသလောက်တော့ ဇင်ဇင်တီချယ်လည်း ဇင်ဇင်အပေါ် ခံစားချက်ရှိသည်။အဆင်ပြေမှာသေချာပါသည်ဟုတွေးကာ ခုတင်ပေါ်ထိုင်ပြီး စာကျက်နေမိတော့သည်။စာမေးပွဲမှာဒီတစ်ပတ်ဖွင့်ရက်တွင်ဖြေမည်ဖြစ်တာကြောင့်ပင်။စာဖြေပြီးလျှင် အိမ်ပြန်ရမည်။သုံးနှစ်အတွင်းမတွေ့ရဘူးလို့ပြောပေမဲ့ ခပ်လှမ်းလှမ်းကနေတော့ ထိုအမျိုးသမီးမျက်နှာလေးအား သွားပြီးငေးမောကြည့်အုံးမည်။သူမသိသွားသည့်အခါ အပြစ်ဆိုလိမ့်မှာမဟုတ်ပေ။
---
"စာဖြေနိုင်တယ်မလား.."
"..."
"အင်းပါ။ဧပရယ်ရောဖြေနိုင်တယ်မလားသူ့ဆီလည်းမဆက်ဖြစ်"
"..."
"အင်းမမတို့လည်းပြီးတော့မှာလေလကုန်ရင်။လိုက်ချင်လိုက်ခဲ့ပေါ့လာခေါ်ရင်"
"..."
"ဘယ်လိုသိလဲ!"
မမနီဖုန်းဆက်သည့်အကြောင်းအား မေးသည်မလို့ ဝသုန်အံ့သြရသည်။ညကမှဆက်ထားသည်မလား။ဒါကိုသူတို့ဘယ်လိုသိသလဲမသိ။
".."
"ပြောစမ်း..ရှင်တို့မမနီကိုဘာတွေသွားမွှေခဲ့တာလဲ"
တစ်ဖက်မှအားရပါးရရယ်နေသည့်ယွန်းအသံအားကြားရသည်။တော်တော်ကိုကျေနပ်ပီတိဖြစ်နေပုံပင်။ဝသုန်မေးသည်အားမဖြေဘဲ ရယ်သာရယ်နေတာကြောင့် ယွန်းအား မေတ္တာပို့နေမိတော့သည်။စာဖြေရက်တောင် လိုက်ပြီးနောက်နိုင်သေးတဲ့ ကလေးတွေရယ်ပါလေ။ဖုန်းပြောရင်း မျက်နှာမကောင်းစွာဝင်လာသည့် ဇင်ဇင်ကြောင့်ဖုန်းချလိုက်မိသည်။
"ဇင်ဇင်.."
"ဇင်ဇင်ဘာဖြစ်လာတာလဲ"
"ဇင်ဇင်လို့..ဘာဖြစ်လာတာလဲ"
ထိုအခါမှ ဝသုန့်အားဖက်ကာ ရှိုက်ကြီးတငင်ငိုနေတော့သည်။ရုတ်တရက်ကြီးမလို့လူမှာလည်းအတော်လေးလန့်ဖျပ်သွားကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
"တီချယ်ကငါ့ကိုငြင်းလိုက်တယ်"
"ဟမ်.."
ဟမ်ဆိုတာကလွဲပြီးဝသုန်ဘာမှဆက်မပြောနိုင်တော့ပေ။ငြင်းလိုက်တယ်တဲ့လား။တကယ်ဆို တီချယ်လည်းဇင်ဇင့်ကိုချစ်နေတာပဲကိုဘာလို့ငြင်းရသလဲ။နှစ်နှစ်ကျော်သံယောဇဥ်ကြီးက ဘာလို့လွယ်လွယ်နဲ့လဲ။
"နင်စနေတာမလားဇင်ဇင်..တီချယ်ကနင့်ကိုချစ်ရဲ့နဲ့မနောက်နဲ့နော်"
"ငါမစဘူးဝသုန် တီချယ်ကတကယ်ကိုငြင်းလိုက်တာ"မျက်ရည်များအားသုတ်ရင်းပြောနေသည့်ဇင်ဇင်ပုံစံမှာတကယ်ကိုအငြင်းခံခဲ့ရသည့်ပုံစံပင်။
"ဘာလို့တဲ့လဲ..ဘာလို့ငြင်းတာတဲ့လဲတကယ်ဆိုရင်.."
ဝသုန်သက်ပြင်းအားချလိုက်မိသည်။လူတွေကိုနားမလည်နိုင်တော့ဘူး။ဘာလို့များ ချစ်ရဲ့နဲ့လဲ။အစကတည်းကငြင်းမယ်ဆို မျှော်လင့်ချက်တွေမပေးခဲ့သင့်ဘူးမလား။မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရတဲ့လူတစ်ယောက်က ဘယ်လောက်ထိပြိုလဲလွယ်ကြောင်းသူတို့တွေမသိခဲ့ကြဘူးလား။
"ချစ်ပေမဲ့ မဖြစ်နိုင်တာတွေရှိတယ်တဲ့။ဒါကြောင့် တီချယ်ကငါ့ကိုငြင်းလိုက်တာ"
"မဆိုင်လိုက်တာလေ ချစ်ရင် ရင်ဆိုင်လိုက်ပေါ့..တီချယ်ကလည်းလေ"
"ငါသူ့ကိုနားလည်ပါတယ်ဝသုန်ရယ်။သူလည်းသူ့အခက်အခဲနဲ့သူပေါ့။မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ရင်မဆိုင်နိုင်နာတွေအများကြီးရှိမှာပေါ့"
"ငါနားလည်ပါတယ် ရုတ်တရက်ဆိုတော့ အံ့သြသွားလို့ပါ။တီချယ်ငြင်းပေမဲ့နင်ကဆက်ချစ်နေအုံးမှာမလား"
ဝသုန်မေးတော့ ဇင်ဇင်ကခပ်တိုးတိုးရယ်ကာ ခေါင်းငြှိမ့်ပြသည်။အချစ်တဲ့လေ ထူးဆန်းလိုက်တာ။ကိုယ့်ကိုနာကျင်စေရင်တောင် ဖက်တွယ်ထားတတ်ကြတာ။ဒါဟာအချစ်တဲ့။
"ငါသူ့ကိုဆက်ချစ်နေအုံးမှာပါ..​ပြန်ချစ်တာမချစ်တာကသူ့အပိုင်း။ချစ်ရမှာကလေ ငါ့အပိုင်းလေ ဟုတ်တယ်မလား"
ဝသုန်ခေါင်းငြှိမ့်ကာပြုံးပြလိုက်မိသည်။ချစ်ရမှာကကိုယ့်အပိုင်းပဲလေ။ကိုယ်ချစ်ရတဲ့သူက ပြန်ချစ်တာမချစ်တာကိုယ်နဲ့မှမဆိုင်တာပဲ။မမနီကိုလည်း ဝသုန့ကအမြဲတမ်းအတွက်ချစ်သွားမှာဖြစ်ပြီး မမနီပြန်မချစ်ခဲ့ရင်တောင် ဝသုန်ကဆက်ချစ်သွားအုံးမှာ သေချာပါသည်။
---
"ဟဲလိုမေမေ"
"..."
"မေးစရာလိုသေးလို့လား ဝသုန်ပြန်လာမှာပေါ့..ပြန်လာမှာပေါ့မေမေရယ် အကြောင်းအရင်းကိုမေမေသိသားနဲ့"
တစ်ဖက်မှမေမေ့ရယ်သံတိုးဖွဖွအားကြားရသည်။ကျောင်းပိတ်ရက်ကို ဝသုန်မပြန်လို့ဘယ်ဖြစ်လိမ့်မလဲလေ။ထိုမြေမှာ မမနီရှိသည်။မမနီရှိနေသည့် ထိုမြေအား ဝသုန်ပြန်မှဖြစ်မှာပေါ့။ဒါမှထိုအမျိုးသမီးအား မြင်ရပေမည်မလား။မေမေဟာလည်း သိရက်နဲ့ဝသုန့်ကိုလိုက်မေးနေတာ့တာပဲ။မေမေမမြင်နိုင်တာသိသည့်တိုင် ဝသုန်မှာ နှုတ်ခမ်းအားစူထားမိသည်။
"ကလေးလည်းမဟုတ်ဘူး အဲ့နှုတ်ခမ်းကိုစူမထားနဲ့"ရုတ်တရက်သတိရမိသည်မှာ မမနီပြောခဲ့ဖူးသည့်စကားလေးပင်။ခုနကစူနေသည့်နှုတ်ခမ်းမှာ ချက်ချင်းပြုံးမိသွားတော့သည်။
"မမနီရေ..ဝသုန်တော့ ဒီနွယ်မှာတော်တော်လေးငြိနေခဲ့ပါပြီ"
အတွေးတွေလွန်နေရင်း မေမေ့အသံကြားမှ ဖုန်းပြောရင်းတန်းလန်းမှန်းသတိရသွားတော့သည်။မေမေကတော့အလွဲများစွာဖြစ်နေသည့်သူ့သမီးတော်ဝသုန့်အား ရယ်နေလျှက်သာ။မမနီအကြောင်းများတွေးနေရရင် ဝသုန်တို့မှာ အရာရာကိုမေ့သွားတတ်တာပင်။မေမေကခဏခဏပြောရှာသည်။
"မတွေ့တာတောင်ငါ့သမီးဒီလောက်ဖြစ်နေရင် သူနဲ့အတူရှိတဲ့အခါ ဒီမအေကိုတောင်မေ့လောက်တယ်"တဲ့။မမနီရဲ့နွယ်ဟာ ထိုမျှအထိ ဝသုန့်နှလုံးသားအား ရစ်ပတ်တွယ်ရစ်နေလေသည်။အစကတည်းက "နွယ်ဆိုတာရစ်ပတ်တတ်သည့်အမျိုးမှန်း"ဝသုန်သိခဲ့ပြီးသားမလားလေ။
မေမေနဲ့ဖုန်းပြောပြီး စိတ်အာရုံအား စာဆီပြန်ရောက်အောင်အတင်းတွန်းပို့ရသည်။မမနီဆိုသည့်အတွေးနွံထဲမှရုန်းထွက်ရအောင် အချိန်တော်တော်များများယူလိုက်ရသည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now