Part {11}

6.9K 641 27
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း {၁၁}

ခရေတစ်ကုံးနှင့်အတူ လက်ထဲရောက်လာသည့်စာလွှာအား အချိန်မဆိုင်းပါဘဲ အလျင်အမြန်ဖွင့်ဖတ်တော့ မြတ်နိုးစရာလက်ရေးသွယ်သွယ်ကလေးအား တွေ့လိုက်ရသည်။

"ညနေငါးနာရီ ယူကလစ်တန်းမှာ လာတွေ့ပါ နွေ"တဲ့။

ထိုစကားစုသေးသေးလေးအားကြည့်ကာ ဝသုန့်မှာရင်ခုန်ရပြန်သည်။ဒီအမျိုးသမီးနဲ့ပတ်သက်ရင်အမြဲလိုလို ခုန်နေတတ်သည့်ရင်အစုံကိုလည်း မကျေနပ်မိပါ။စာလေးအားအကျအနပြန်ခေါက်ကာ စားပွဲရှိအံဆွဲအားဖွင့်ကာထည့်လိုက်ပြီး လက်ရှိနာရီအားကြည့်လိုက်မိသည်။

လေးနာရီတစ်ဆယ့်ငါးမိနစ်။လေးဆယ့်ငါးမိနစ်ဆိုသည့်အချိန်အတွင်း ရေမိုးချိုးပြီးသွားတွေ့ရမှာပင်။ထိုင်ရာမှာ ဆတ်ကနဲထလိုက်ရင်းဘေးဘီကြည့်မိမှ ကိုယ့်အားမျက်တောင်မခတ်တမ်းကြည့်နေသည့် ယွန်းအား တွေ့လိုက်ရကာ ကိုယ်ရှိန်အားသပ်လိုက်မိသည်။ချက်ချင်းဆိုသလို လူမှာလည်း ရှက်စိတ်ကြောင့်ပူနွေးလာတော့သည်။

"ဟို..ယွန်း..သွားနားတော့လေ"

ဂနာမငြိမ်ဖြစ်နေသည့်ကိုယ့်အားကြည့်ကာ ယွန်းကပြုံးပြီးအခန်ထဲမှထွက်သွားလေသည်။ရေချိုးသဘက်အားယူကာ ရေအမြန်ချိုးလိုက်မိသည်။အဖြူရောင်ပိတ်ဖောက်ဇာရင်စေ့လက်တိုကလေးအားဝတ်လိုက်ပြီးအောက်မှ အနီရောင်ပြောင်ထဘီလေးအားဝတ်လိုက်မိသည်။ဆံနွယ်တွေကိုတော့ပုံမှန်အတိုင်း တစ်လွှာစည်းဖဲပြားကလစ်လေးဖြင့်စည်းလိုက်ပြီး သနပ်ခါးပါးကွက်လေးအား ခပ်ရေးရေးချလိုက်မိသည်။ပြင်ဆင်ပြီးတော့လေးနာရီငါးဆယ်ဖြစ်နေလေပြီ။သော့နှင့်ဖုန်းအားအမြန်ယူကာ အောက်သို့အပြေးလေးဆင်းလာလိုက်မိသည်။

"မေမေရေ..ဝသုန်အပြင်ခဏသွားအုံးမယ်"

အဖြေစကားအားတောင်မစောင့်ပါဘဲ ဆိုင်ကယ်အား ဝူးခနဲမောင်းထွက်လိုက်မိသည်။ထိုအမျိုးသမီးစောင့်နေမှာကိုမလိုလားတာကြောင့်ပင်။ကမ်းနားအားရောက်တော့ ငါးနာရီကွက်တိ။ဆိုင်ကယ်အားသော့ခတ်ကာ အောက်သို့ဆင်းဖို့ပြင်တော့ ကျောက်တုံးပေါ်တွင်ထိုင်နေသည့်အမျိုးသမီးအားလှမ်းမြင်လိုက်ရသည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now