Part {15}

7.3K 679 30
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၁၅)

သီချင်းသံများမှာဆူညံနေတာကြောင့် ဘာမှသဲသဲကွဲကွဲမကြားရပေ။ဝသုန်ရောက်ရှိနေသည်မှာ သူငယ်ချင်းရဲ့မင်္ဂလာဆောင်တွင်ပင်။မနက်ဖြန်မှလာဖို့ကို အတင်းတွေခေါ်နေသည့်သူငယ်ချင်းတစ်သိုက်ကြောင့်ညဘက်ရောက်ရှိလာခြင်းသာ။အဖွဲ့ထဲမှာပထမဆုံးစွံသွားသည့်အစ်မတော်အား တစ်ဖွဲ့လုံးဝမ်းသာအားရလာရောက်ချီးမြှင့်ကြခြင်းပင်။
"နင်တို့တွေမလာတော့ဘူးထင်နေတာ"
"အဲ့မှာလေ နွေနှောင်းဝသုန်ပေါ့ သူ့ကိုပင့်နေရတာနဲ့ နောက်ကျနေတာ"
"နင်တို့ကလည်းငါက မနက်ဖြန်မှလာဖို့တွေးထားလို့ပါနော်"
"လာလာ..အထဲကိုလာကြ..အရင်ကပေးထားတဲ့ကတိအတိုင်း တစ်ယောက်ကိုသီချင်းတစ်ပုဒ်ဆိုပေးရမှာနော်"
အကုန်လုံးက ခေါင်းငြိမ့်နေပေမဲ့ ဝသုန်ကတော့ မလှုပ်မယှက်သာ။မလှုပ်မယှက်ဖြစ်မှာပေါ့ ဒီထဲဝင်လာတည်းက အိမ်ထဲမှာထိုင်နေတဲ့မမနီကိုလှမ်းမြင်ခဲ့ပြီးသားလေ။ဒီအမျိုးသမီးရှေ့ ဘယ်လိုလုပ်ပြီး သီချင်းဆိုလို့ဖြစ်မှာလဲ။တော်ကြာရယ်နေရင်ခက်ပေအုံးမယ်။သူမကတော့ ဝသုန်ဝင်လာတာမသိဘူးထင်ရဲ့ တစ်ဖက်လှည့်ကာ စကားပြောနေလေသည်။အိမ်ထဲသို့မဝင်ဘဲအိမ်ရှေ့တွင်ထိုးထားသည့် မဏ္ဍပ်ထဲတွင်သာထိုင်နေမိသည်။ယောင်္ကျားလေးတွေကတော့ ဘောက်နားသို့သွားကာ သီချင်းဆိုဖို့ပြင်နေကြသည်။ဝသုန်တို့တွေကတော့ ပြီးတော့မှဆိုမည်ဟုပြောကာ ထိုင်နေကြခြင်းသာ။တစ်ချက်တစ်ချက်အိမ်ထဲသို့အကြည့်တို့ဝေ့ဝဲမိရင်းမှာ တစ်ခါတွင်တော့ အပြင်သို့လှမ်းကြည့်သည့် မမနီနှင့်အကြည့်ချင်းဆုံသွားရသည်။သူခိုးလူမိသလိုမျိုး ပြာယာကာ အရင်ဆုံးမျက်နှာလွှဲမိသူမှာ ဝသုန်ရယ်သာ။ခဏအကြာ မမနီနှင့်သူတစ်ချို့မှာအိမ်ထဲမှာထွက်လာပြီး ဝသုန်တို့ဝိုင်းနှင့်မလှမ်းမကမ်းတွင်ထိုင်ကာစကားပြောနေကြသည်။ယောင်္ကျားလေးတွေရဲ့အတင်းလှုံ့ဆော်မှုဖြင့် သီချင်းဖွင့်ရာအနားသို့ဝသုန်တို့ပါရောက်သွားရသည်။ဝသုန်ထိုင်လိုက်မိသည်မှာ မမနီနှင့် မျက်နှာချင်းဆိုင်အရပ်ဖြစ်သည့်အတွက် လည်ပြန်ခိုးငေးစရာမလိုတော့ပေ။
"ဝသုန် နင့်အလှည့် ဆို"
"ဟအား ငါမဆိုချင်ပါဘူးဟာ နင်တို့ပဲဆိုပါ"
ပေးသည့်မိုက်အားတွန်းဖယ်ကာ ဝသုန်အတင်းငြင်းပေမဲ့ မရ။
"သတို့သားနဲ့သတို့သမီးကတောင်းဆိုနေတာကို နင်ကလည်းဆိုစမ်းပါ"
"နင်တို့ကလည်း..လူတွေရှိနေတာကို"
"ဆိုပါဟာ အသံလေးကြားပြီး ချက်ချင်းအဖြေပေးရင်ပေးနေမှာပေါ့"နားနားအားကပ်ကာ ပြောတာကြောင့် ကျက်သီးများပင်ထသွားတော့သည်။သူကတော့ တဟားဟားဖြင့်သာ။နောက်ဆုံးတော့ငြင်းမရတာကြောင့် ဆိုဖို့ပြင်ရတော့သည်။ဝသုန်ကခေတ်သီချင်းတွေမရတတ်တာသိနေတာကြောင့် ဝသုန်ရသည့် သီချင်းကိုသာရွေးပေးကြလေသည်။
"ဝသုန်ဒါလေးဆို မီမီဝင်းဖေရဲ့ "မင်းကလွဲပြီး" ရတယ်မလား"
"ဟမ်..အင်းရတယ် ရတယ် အဲ့တာပဲလုပ်"

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now