Extra (2)

5.2K 383 11
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
Extra (2)

"သွားမယ်"
"မသွားဘူး"
"သွားမယ်"
"မသွားဘူး"
"သွားပါမယ်ဆို"
"မသွားပါဘူးဆို"
"မမနီနော်..."
"နွေနော်..."
"သွားမယ်လို့"
"မသွားပါဘူးဆို"
"သွား..."
"ကဲ ကဲ တော်ပြီ တော်ပြီ ဘယ့်နှယ့်ကလေးလည်းမဟုတ်ဘဲ ပြိုင်ငြင်းနေလိုက်ကြတာ"
"အဲ့တာမမနီလေ ကလေးကိုအလျှော့မပေးဘူး"
"ဘာလဲ နွေလေ နွေအလျှော့ပေးရမှာကို"
"ကဲ ဒေါ်နွေနှောင်းဝသုန်နဲ့ဒေါ်ပန်းမွှေ့နီနီ"
မေမေကအသံနည်းနည်းမြှင့်လိုက်သည်မလို့ ဝသုန်နဲ့မမနီငြိမ်ကျသွားမိတော့သည်။တစ်ယောက်ကိုတစ်ယောက်ကတော့ မျက်စောင်းခဲရင်းဖြင့်သာ။
"ရှင်တို့ဆိုသည်မှာလည်း အမြဲတမ်းဒီကိစ္စကိုပဲ မပြီးတော့ဘူး။တစ်ယောက်နဲ့တစ်ယောက်ညှိမှပေါ့"
"နွေပြောတာမှားလို့လားမေမေရဲ့ အခု သီတင်းကျွတ်ငါးရက်တောင်ပိတ်တာ အဲ့တာကြောင့်သွားပါမယ်ဆိုတာကို"
"တို့မအားဘူးလို့ပြောတယ်လေ သွားလို့မှမပြေတာ"
"အဲ့လိုပုံစံနဲ့ဘယ်တော့မှ ရောက်တော့မှာမဟုတ်ဘူး။လက်ထပ်ပြီးတာပဲ ကြာလှပြီ အခုထိ ဟန်းနီးမွန်းမထွက်ရသေးဘူး"
"အရင်တစ်ခါသွားမယ်ပြောသားပဲ အဲ့တုန်းက သူပဲ မသွားဘဲနဲ့"
"အဲ့တုန်းက နွေ့ကျောင်းကိစ္စရှိလို့မသွားဖြစ်တာလေ မသွားချင်လို့မှမဟုတ်တာ"
"အခုတို့လည်းကျောင်းကိစ္စရှိလို့ ငြင်းတာလေ အလကားငြင်းနေတာမှမဟုတ်ဘဲကို"

ဒီလိုဆိုပြန်တော့လည်းဟုတ်သား။ပထမတစ်ခါ လက်ထပ်ပြီး ပုဂံသွားဖို့ပြင်တုန်းက ဝသုန့်ကျောင်းမှာ ကိစ္စရှိတာကြောင့် မသွားဖြစ်ခဲ့ပေ။အခုကျ မမနီက သူ့ကျောင်းကိစ္စနဲ့တိုက်နေတာမလို့ မသွားချင်ကြောင်းငြင်းနေခြင်းသာ။တွေးကြည့်ပြန်တော့လည်း ဟုတ်နေတာကြောင့် ဘာမှမပြောဘဲ ငြိမ်နေလိုက်မိသည်။ထိုအမျိုးသမီးကတော့ မျက်စောင်းမိုးတွေ ဝသုန့်အပေါ်ရွာသွန်းလျှက်သာ။နောက်ဆုံးတွင်တော့ဝသုန်ကပဲ အလျှော့ပေးကာ ပုဂံသွားမည့်ခရီးအားဖျက်လိုက်ရသည်။ပုဂံသွားရဖို့ထက် ချစ်ရတဲ့အမျိုးသမီး စိတ်မကွက်စေဖို့ကအရေးကြီးသည်မလား။မေမေပြန်သွားတော့ ဝသုန့်အားမျက်စောင်းတစ်ချက်ခဲရင်း မီးဖိုခန်းဆီဝင်သွားသည့်အမျိုးသမီး။နောက်မှ ခပ်သွက်သွက်ကလေးလိုက်ရသည်။ဒေါ်ပန်းမွှေ့နီနီတို့စိတ်ကောက်နေပြီဆိုတာ မပြောလည်းသိနေပေသည်။
"မမနီ..."
"မမနီ..."
"သွား.. သွား.. လာမခေါ်နဲ့ နားငြီးတယ်"
"မမနီကလည်း.."
"ဖယ်..ဖယ် လာမနှောင့်ယှက်နဲ့ "
"ကူလုပ်ပေးမလို့ကို မနှောင့်ယှက်ပါဘူး မမနီကလည်း။စိတ်ကောက်သွားတာလားဟင်"
ဝသုန့်အားတစ်ခွန်းမှမဖြေဘဲ ကြက်သွန်အား အသံကျယ်ကျယ်မြည်အောင်လှီးနေသည့်အမျိုးသမီး။တိတ်ဆိတ်နေသည့်အိမ်ထဲ ကြက်သွန်လှီးသံမှာ ကျယ်လောင်စွာ။
"မအားလို့ပြောတဲ့ဟာကို လူကိုနားလည်မပေးဘူး မုန်းချင်စရာကြီး"
"မမနီ ဘာပြောတာလဲ နွေကြားတယ်နော်"
"ကြားအောင်ပြောတာပဲကို ကြားမှာပေါ့"
"စိတ်မဆိုးပါနဲ့လို့ နော်နော်...နော်လို့"
ပြောရင်း မမနီလက်နှစ်ဖက်အားဆွဲယူလိုက်မိသည်။
"ဘာလုပ်တာလဲ လွှတ် ကိုယ့်ဘာသာမနေဘဲ"
"စိတ်မဆိုးပါတော့နဲ့လို့နော်..နော်လို့..နွေမှားသွားပါတယ် ဟုတ်ပြီလား။နွေမှားတာသိပြီမလို့စိတ်မဆိုးပါတော့နဲ့နော်"
"ဖယ်..ခုနကကျအပြိုင်ငြင်းနေပြီး သွား..သွား"
"စိတ်မဆိုးပါတော့နဲ့လို့ မမနီစိတ်ဆိုးရင်နွေ မနေတတ်တာသိသားနဲ့ ဟင့် နွေမနေတတ်ဘူး မမနီရဲ့။မနေတတ်ဘူး အီးဟီး။စိတ်ဆိုးပြေပါတော့"
"ဒါပဲ ငိုဖို့ပဲသိတယ်လူကိုချော့ဖို့ကျမသိဘူး"
"နွေမှမချော့တတ်တာ။မမနီစိတ်ကောက်ရင် နွေငိုချင်တာပဲသိတယ်သိလား။"
"တော်ပါ မချော့တတ်ဘူးဆိုရင်မချစ်လို့ပဲ"
"ဘာဆိုင်လို့လဲ ဘာဆိုင်လို့လဲမမနီရဲ့။နွေ မမနီကိုသိပ်ချစ်တာသိသားနဲ့။အဲ့လိုမပြောပါနဲ့နွေမခံစားနိုင်ဘူး။နောက်ဆို မမနီကို နွေ မရ ရအောင်ချော့မယ်နော်သိလား။နော်...။အခုတော့စိတ်ဆိုးပြေပါတော့နော်"
"အဲ့ပုံစံနဲ့လာမကြည့်နဲ့ ဟွန့် သနားလို့အလျှော့ပေးလိုက်မယ်"
"ဟီး..ချစ်လိုက်တာ အဲ့တာကြောင့် နွေ့အမျိုးသမီးကိုချစ်နေရတာ"
ပါးအားလှစ်ကနဲနမ်းတော့ မျက်စောင်းတစ်ပွင့်မှာ ပုံမှန်အတိုင်းရရှိလိုက်ပြန်သည်။ရယ်ကျဲကျဲနေတော့ ထပ်ခါထပ်ခါ ထိုးနေသည့်မျက်စောင်းများမှာ ဝသုန့်နှလုံးသားထဲသို့ သိမ်းထားမိသည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now