Part {10}

7.2K 665 50
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၁၀)

"ခရေရိပ်"ဆိုသည့်ဆိုင်ရှေ့တွင်သူမကဆိုင်ကယ်ရပ်လိုက်တာကြောင့်ဝသုန်လည်း ဆင်းလိုက်မိသည်။ဆိုင်ထဲမှာတော့လူမှာများနေလေသည်။ဘေးဘက်နေရာလွတ်မှာဘယ်သူမှမရှိတာကြောင့် ထိုဝိုင်းဆီသွားမိလိုက်ကြသည်။"ခရေရိပ်"ဆိုသည့်အတိုင်းခရေပင်အကြီးကြီး၏အောက်တွင်ဆိုင်ဖွင့်ထားခြင်းသာ။
"စတော်ဘယ်ရီဖျော်ရည်ပဲသောက်မယ်မလား"
"ဟင်"
"ရော်..စိတ်ကဘယ်လွင့်ပြန်ပြီတုန်း ဒီမှာကျွန်မထိုင်နေတာကို"
"ဟင့်အင်း..မလွင့်ပါဘူးစတော်ဘယ်ရီပဲသောက်ပါမယ်"
"အင်းပြီးရော.."
စားပွဲထိုးကောင်မလေးရောက်လာတော့သူမက စတော်ဘယ်ရီနှစ်ခွက်မှာတာကြောင့် အံ့သြမိသွားသည်။ဒီအမျိုးသမီးက ထောပတ်သီးကြိုက်ပြီးစတော်ဘယ်ရီမကြိုက်တတ်ကြောင်း ယွန်းဆီက ဝသုန်သိခဲ့ပြီးသားပင်။
"ဘာလို့ကျွန်မကို အဲ့လိုပဲကြည့်နေတာလဲ"
"ဟို..ဟိုလေ စတော်ဘယ်ရီမကြိုက်ဘူးမလား"
"ရှင်လေးကရော ထောပတ်သီးကြိုက်လို့လား"
"ဟမ်..ဘာမှလည်းမဆိုင်ပါဘဲ"
"မဆိုင်ဘူးလား..မဆိုင်လည်းဆိုင်တယ်လို့မှတ်လိုက်"
ရော်..တကယ်ခက်လိုက်သည့်အမျိုးသမီး။ဒါလေးမေးတာကိုဇွတ်တွေဟောက်။ဆရာမလို့မပြောရဘူး။
"ဘာတုန်းစိတ်ကောက်တာလား..အဲ့နှုတ်ခမ်းက"
"မကောက်ပါဘူး"
မကောက်ဘူးဆိုသည့် ဝသုန့်နှုတ်ခမ်းမှာအတော်ပင်စူနေလေပြီ။ထိုအမျိုးသမီးကတော့ ကြည့်ပြီးရယ်နေလေရဲ့။တကယ်ကိုဘယ်လိုလေးမှန်းမသိ။

"ကမ်းနားဘက်သွားကြမလား"
"ဟင်!!"
"ကမ်းနားဘက်လေ ယူကလစ်ပင်တွေရှိတဲ့ဆီ"
ဆိုင်ကယ်အားလှည့်နေရင်းပြောလာသည့်စကား။သွားကြမလားလို့မေးပေမဲ့ ဆိုင်ကယ်မှာ ကမ်းနားသွားသည့်လမ်းဘက်သို့လှည့်ပြီးနေချေပြီ။ခေါင်းသာငြိမ့်ပြလိုက်ပြီး ဆိုင်ကယ်ပေါ်တက်လိုက်မိသည်။

ခေါင်းစည်းကြိုးလေးသာစည်းနှောင်ထားသည့်သူမရဲ့ဆံနွယ်စတို့မှာလွင့်နေတော့သည်။မျက်နှာရှေ့ဝယ်ဝေ့ဝဲလာသည့်ဆံနွယ်တို့အား နမ်းရှိုက်ချင်သည့်စိတ်အားမနည်းပင်ထိန်းထားရသည်။ဆယ်မိနစ်လောက်ဆိုင်ကယ်မောင်းပြီးသည့်နောက် တာပေါ်သို့ရောက်ရှိလာတော့သည်။တာပေါ်တွင်ဆိုင်ကယ်ရပ်ကာ နှစ်ဦးသား ယူကလစ်ပင်တန်းတွေရှိရာ ကမ်းနားဆိပ်သို့လျှောက်လာမိတော့သည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now