Part {19}

6.4K 593 36
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၁၉)

"ဝသုန်တို့များ အချစ်လာတယ်လည်းဆိုရော ပြုံးဖြီးနေတာများ အမြင်ကပ်ပါ့"
"အာ ဇင်ဇင်ကလည်း မမနီက ဝသုန့်ဆီသီးသန့်လာတာမဟုတ်ပါဘူး။ကျောင်းကလွှတ်တာလာတာကို ပြီးတော့မတွေ့ရတာ နှစ်လနီးပါးရှိပြီလေကွယ်လို့ သိရဲ့သားနဲ့"
"ဟုတ်ပါပြီ ဟုတ်ပါပြီ အတွဲတွေများ မပြောချင်တော့ဘူး"
"အချစ်ကလေးကလည်း လက်မှတ်ထိုးထားပေးအုန်း နော်..နော်လို့"
"အေးပါ အေးပါ နွေနှောင်းဝသုန် ကောင်မလေးနဲ့သွားတွေ့လို့ မရှိပါ ဆိုပြီး လက်မှတ်ထိုးပေးလိုက်မယ် "
"ဇင်ဇင်နော်..."
"စတာ စတာ စိတ်ဖြောင့်ဖြောင့်သွား အကုန်လုပ်ပေးထားမယ်သိလား နောက်ကျနေအုံးမယ် မြန်မြန်သွား"
"ဟုတ်"

တကယ်တမ်း မမနီက အလုပ်ရုံဆွေးနွေးပွဲအတွက် ကျောင်းကလွှတ်လို့လာခြင်းပင်။ဆွေးနွေးပွဲက တနင်္လါနေ့ဆိုပေမဲ့မမနီက သောကြာနေ့တည်းက မြို့ကထွက်လာတာကြောင့် ဝသုန်လည်း ကျောင်းပြေးကာ ကားဂိတ်သို့လာကြိုခြင်းပင်။စနေနေ့မှတွေ့ဖို့ချိန်းထားတာပေမဲ့ ဝသုန်ကတွေ့ချင်လွန်းတာကြောင့် ထွက်ခဲ့ခြင်းသာ။အပျိုကြီးမမရှေ့ရောက်ရင် အဆူခံရအုံးမှာသေချာသည်။အဆူခံရလည်းဘာဖြစ်လဲလေ ချစ်ရသူမျက်နှာလေးမြင်ရတာနဲ့တင် ကျေနပ်နေရပြီမလား။ကားဂိတ်သို့ရောက်တော့ ဆယ့်တစ်နာရီထိုးဖို့နည်းနည်းပဲလိုတော့သည်။ဒါဆိုခဏနေ မမနီရောက်လာတော့မှာပင်။မျက်စိအားရှင်ရှင်ထားကာ ရပ်သည့်ကားများအားလိုက်ကြည့်ရသည်။တော်ကြာလွဲသွားနေရင် ဒုက္ခ။

ခဏကြာတော့ ကားပေါ်မှဆင်းလာသည့်အမျိုးသမီးအားလှမ်းမြင်ရသည်။လက်စကရင်စေ့အင်္ကျီနီညိုလေးနှင့်ချည်ထဘီလေးအား တွဲဝတ်ထားပုံမှာ မမနီပီသလှသည်။ဆံနွယ်တို့အား ဒီတိုင်းစည်းနှောင်ထားတာကြောင့်အဖျားတို့မှာ လေတွင်လွင့်နေတော့သည်ခပ်သွက်သွက်ဖြင့်လျှောက်ကာ သူမအနားသွားမိသည်။သူမကတော့ ဝသုန့်အားမမြင်ပေ။သူမလက်ထဲရှိအိတ်အားလှမ်းဆွဲလိုက်လေတော့ လန့်ကာ လှည့်ကြည့်လာပြီး ဝသုန့်အားမြင်တော့ မျက်ဝန်းတို့ဝိုင်းစက်ကာ အံ့သြသွားသည့်အမျိုးသမီး။ခဏတော့ပြုံးပြီး သိပ်မကြာ နှုတ်ခမ်းအားစေ့ကာ စိတ်ဆိုးပြပုံမှာအသည်းယားစဖွယ်ပင်။ပါးနှစ်ဖက်ရှိခပ်ထင်းထင်း ပါးကွက်တို့မှာ ဝသုန့်အားပိုရျ်စိတ်လှုပ်ရှားစေသည်။မပြောမဆိုပါဘဲ ပါးပြင်ထက်အနမ်းခြွေမိတော့ မျက်နှာလေးရဲကာ ရှက်သွားသည့်အမျိုးသမီး။
"နွေ့..လူတွေနဲ့ကို"
"လူတွေနဲ့မလို့နမ်းတာလေ"
"ဘာမှလည်းမဆိုင်ဘူး..နွေနော်လူကိုတွေ့ရုံရှိသေးအသားယူနေပြီ"
"လူတွေက မမနီကို လိုက်ကြည့်နေတာကို အဲ့တာကြောင့် နွေကမမနီပိုင်ရှင်မှန်းသိအောင်နမ်းတာ ဘာလဲ မကျေနပ်ဘူးလား။မကျေနပ်ရင် နွေ့ပါးကို ပြန်နမ်း။တစ်ခါမကဘူး အခါတစ်ရာဆိုလည်းနမ်းလို့ရတယ်သိလား"
"အို..တော်ပါ...သူတော်တော်ကြီးနစ်နာသွားအုံးမယ် လူကိုကလေးမှတ်နေသလား"
မမနီကဝသုန့်အားမျက်စောင်းကလေးထိုးကာပြောသည်။ဝသုန်ကတော့ ရယ်ရျ်သာ။ကားကွင်းထဲမှထွက်လာပြီး နှစ်ယောက်သား taxiငှားလိုက်ပြီး ဆွေးနွေးပွဲနှင့်နီးရာ တည်းခိုခန်းတစ်ခုသို့သွားမိလိုက်ကြသည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now