Part {22}

6.9K 610 44
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၂၂)

၂နှစ်ခန့်မျှကြာပြီးသည့်နောက်

"ဝသုန်ပျော်နေသလား"
"အမှန်တိုင်းပြောရရင် ဝသုန်စိတ်လှုပ်ရှားနေတာ ဇင်ဇင် အဆင်ပြေပါ့မလားဆိုပြီး"
"ပြေမှာပါ ဝသုန်ရယ် ဝသုန့်မမနီက ဝသုန်ကိုသိပ်ချစ်တာကို သူ့မေမေကိုသူရအောင်ပြောမှာပါ"
"ဝသုန်တော့ကြောက်မိတယ် ဇင်ဇင်ရယ်။မမနီကဝသုန့်ကိုချစ်တာသိနေပေမဲ့လည်း စိုးရိမ်မိသား။ဒါမျိုးကမလွယ်ဘူးဆိုတာ ဇင်ဇင်လည်းသိတယ်မလား"
"ဒါပေမဲ့မမနီအမေနဲ့ဝသုန်ရင်းနှီးတယ်မလား ပြေမှာပါ။"
"မျှော်လင့်မိတာပဲဇင်ဇင်ရယ် ဝသုန်လေ အဲ့နေ့ကို တကယ်ကိုစိတ်လှုပ်ရှားမိတယ်"
"ဘာမှတွေးမနေပါနဲ့ပြေမှာပါ အခုတော့ ပစ္စည်းတွေလည်းသိမ်းပြီးပြီ မနက်ဖြန်ပြန်ဖို့လဲအဆင်သင့်ဖြစ်ပြီ။ကျောင်းကြီးကိုနှုတ်ဆက်ရင််း ဗိုက်ဖြည့်ကြစို့ ငါဗိုက်ဆာနေပြီဟ"
"ကဲ အစားပုတ်နဲ့တော့ သွားမယ် လာလာ နင့်တီချယ်လေးရော လာမယ်မလား"
"ဟီးဟီး လာမှာ"
"အတွဲတွေများ အမြင်ကပ်စရာ ဟွန့်"
"သူကပဲ ပြောရသေး သူများကအခုမှပျော်ရတာကို"
တဟီးဟီးဖြစ်နေသည့်ဇင်ဇင်အားကြည့်ကာ ဝသုန်ရယ်မိသည်။သူ့ခမျာလည်းပျော်မှာပေါ့လေ။နှစ်တွေအကြာကြီးချစ်ခဲ့ရတဲ့အမျိုးသမီးက ပြန်ချစ်တယ်ဆိုတာ ဘယ်လောက်ထိပျော်စရာကောင်းလဲဆိုတာ ဝသုန်အသိပဲလေ။ဆိုင်ထဲရောက်ပြီး သိပ်မကြာ တီချယ်ရောက်လာလေသည်။စားစရာများအားစားပြီး ဇင်ဇင်တို့ လွတ်လွတ်လပ်လပ်စကားပြောရအောင် ဝသုန်ကအဆောင်ဆီသို့အရင်ပြန်လာလိုက်မိသည်။မနက်ဖြန်ဆိုသည့်အချိန်တွေမှာဘာတွေဖြစ်မလဲ တွေးရင်းရင်မောရသည်။မမနီက ဝသုန့်ဘက်မှာရှိနေမှာဆိုတာသေချာပေမဲ့လည်း စိုးထိတ်မိသည်။မေမေကတော့ အဆင်ပြေမှာပါလို့ပြောပေမဲ့ စိုးရိမ်မိဆဲပင်။မမနီမှာ ငဲ့ညှာထောက်ထားစရာတွေသိပ်များတာမလို့ ဝသုန့်ကိုမရွေးချယ်ခဲ့ရင်ဆိုတဲ့အတွေးတွေနဲ့ခြောက်ခြားခဲ့ရတဲ့နေ့ရက်တွေမှာ မရေမတွက်နိုင်အောင်ပါပဲ။အခုတော့ထိုနေ့ရက်ဟာရောက်လာတော့မည်။ရင်ဆိုင်ရတော့မည်ဆိုသည့်အတွေးတို့ဖြင့် သက်ပြင်းမောကိုအခါခါချမိသည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now