Part {20}

6.5K 608 50
                                    

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
အပိုင်း (၂၀)

"ဟဲလို..ဇင်ဇင် ပြော"
"..."
"အင်း မနက်ဖြ​န်မနက်ပြန်လာခဲ့မယ်လေလို့"
"..."
"လုပ်ပါ သူငယ်ချင်းလေးကလည်း နော်နော်.."
ဝသုန့်အားပေါက်ပေါက်ဖောက်ပြီးဖုန်းချသွားတာကြောင့်ရယ်မိလိုက်သည်။ပြောခဲ့တုန်းက ဒီညပြန်လာမယ်လို့ပြောခဲ့တာပင်။အခုကျမပြန်ချင်တာကြောင့် မနက်ဖြန်မနက်ကျောင်းဖွင့်မှပဲ ပြန်တော့ဖို့ဆုံးဖြတ်လိုက်ခြင်းသာ။မမနီကဆွေးနွေးပွဲသွား ဝသုန်ကကျောင်းကိုပြန်ပေါ့။
"နွေ သူငယ်ချင်းကအဆင်ပြေရဲ့လား"
"ပြေပါတယ်မမနီရဲ့"
"အင်းပါ ဒီမှာ နွားနို့ နွေညနေက ထမင်းသိပ်မစားတာကြောင့် တို့မှာလိုက်တာ"
"ဟုတ်တယ် ဟင်းတွေကစပ်လို့ မစားနိုင်တာကြောင့်"
ပြောရင်းမမနီလက်ထဲရှိ နွားနို့ခွက်အားယူကာသောက်လိုက်မိသည်။
"ဟင်းကမစပ်ဘဲနဲ့"ပြုံးစစနှင့်ပြောနေတာကြောင့် ဝသုန်မျက်စောင်းခဲလိုက်မိသည်။
"မမနီနော် သိရဲ့သားနဲ့လိုက်ပြောနေ ဟွန့် သူများနှုတ်ခမ်းကိုမညှာမတာ သူကိုက်ပြီး"
"ဟီးဟီး တို့မသိပါဘူး"
နွားနို့ပန်းကန်အား စားပွဲပေါ်ထကာတင်လိုက်ပြီး ရယ်ကာနေသည့်အမျိုးသမီးအားဆွဲကာ ခုတင်ပေါ်လှဲစေပြီး အပေါ်မှအုပ်မိုးထားလိုက်မိသည်။
"မမှတ်မိဘူးပေါ့ ဟုတ်လား"
"နွေ့..."
ခေါ်နေကျအတိုင်းနာမည်လေးအားခေါ်ရင်း ဝသုန့်အားမျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့်ကြည့်နေသည့်အမျိုးသမီး။နှုတ်ခမ်းပါးလေးမှာဆိုးဆေးမကူပါဘဲ ပင်ကိုယ်အတိုင်းရဲနေပုံမှာ ဝသုန့်ရင်အားပိုတိုးကာခုန်စေသည်။
"နွေပြောပါတယ် နွေ့ကိုမစနဲ့လို့ နွေစိတ်မထိန်းနိုင်ရင် ဒီနှုတ်ခမ်းပါးလေးတင်မဟုတ်ဘဲ မမနီကိုအပိုင်သိမ်းမှာလို့"
"ပန်းမွှေ့နီနီဆိုတဲ့အမျိုးသမီးကမင်းအပိုင်ပဲကို"
ဝသုန့်အားစိုက်ကြည့်ရင်းဆိုလာသည့်အမျိုးသမီး။သက်ပြင်းသဲ့သဲ့ကလေးအားချလိုက်ရင်း နဖူးပေါ်အနမ်းကလေးခြွေကာ အိပ်ရာပေါ်လှဲချလိုက်မိသည်။

"အိပ်ကြရအောင်မမနီ နွေတို့အိပ်သင့်ပြီ"
ဝသုန်ဆိုတော့ ရင်ခွင်ထဲတိုးဝင်လာသည့်အမျိုးသမီး။အလိုက်တသင့်လေးပြန်ဖက်ရင်း ထိုညအား ကုန်ဆုံးခဲ့သည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now