(၂) Z/U
1.9K 91 2
Zawgyi
________
“သူကြီးရေ.. သူကြီး.. ”
ခက်နွယ်တို့ရွာလမ်းအတိုင်းဝင်လာပြီး ခနအကြာတော့ ပျဉ်ထောင်အိမ်တစ်အိမ်ကိုတွေ့လိုက်သည်။ရေနံဂျီးတွေနဲ့သုတ်ထားပြီး အောက်ကလွှတ်နေသည့်နေရာတွင်တော့ ထိုင်စရာနေရာရှိနေသေးသည်။ခက်နွယ်ကိုလိုက်ပို့သည့်
ကောင်လေးရဲ့အော်သံကိုကြားတော့မှဒီအိမ်ကသူတည်းရမည့်အိမ် ဆိုတာ သိလိုက်ရသည်။
“ဟေ.. ဘာလဲကွ”
အပေါ်ထပ်ကအသံနဲ့အတူဆင်းလာသည့်အသက်ကြီးကြီးလူတစ်ယောက် ကြည့်ရတာဒီရွာကသူကြီးဆိုသူဖြစ်လောက်မည်။
“ဒီမှာဆရာလေးကိုသွားကြိုခဲ့ပြီဒါကြောင့်လာပို့တာဗျ ”
"အေဟုတ်လား လာပြီအယ်.. ဆရာလေးရောက်လာပြီလား
လာလာအိမ်ပေါ်တက်နားအုံး "
"ဟုတ်ကဲ့"
အုံ့မှိုင်းမောင်ဆိုင်ကယ်ပေါ်ကအထုတ်တွေကိုအပေါ်လိုက်တင်ပေးပြီး နှုတ်ဆက်ကာထွက်ခဲ့သည်။
***************
"ဗျို့ ဆရာလေးဘယ်သွားမလို့တုန်း "
အုံ့မှိုင်းမောင်အိမ်ကအမေခိုင်းထားတဲ့အလုပ်ကြောင့်ဟိုဘက်ရွာကသူ့ကြီးကြီးဆီပန်းပင်မျိုးစေ့ သွားယူရန်ထွက်လာတော့ သူကြီးအိမ်အကျော်မှာမနေ့ကသူလိုက်ပို့ခဲ့သည့်ဆရာလေးကိုတွေ့လိုက်ရသည်။လက်တစ်ဖက်မြက်ရိုင်းပင်တစ်ပင်ကိုကိုယ်ပြီးလက်ကိုဟိုဘက်ယမ်းဒီဘက်ကစားနေပုံကိုကြည့်ရတာတစ်ယောက်ထဲပျင်းနေပုံရတယ်။သူ့အသံကြားတော့မှ နောက်လှည့်ကာတစ်ချက်ပြုံးပြလိုက်ပြီး..
"ဟိုကျွန်တော်က ပျင်းနေတာနဲ့ရွာထဲပတ်ကြည့်ချင်တာသို့ပေမဲ့ကျွန်တော်ကအဖော်မရှိတော့ရွာလည်ဖို့တောင်ပျင်းသားဗျာ "
"ဟုတ်လား ဒါဆိုကျုပ်နဲ့လိုက်မလားဗျ "
"ဟင်! ဘယ်သွားမှာလဲ "
"ဟိုဘက်ရွာပါဗျာ ထနောင်းပင်ရွာဘက်"
ခက်နွယ်အပေါ်ကိုမော့ကြည့်လိုက်တော့နေကထင်သလောက်မပူ အခုကမနက်၇နာရီချိန်ဆိုတော့ နည်းနည်းတော့စောသေးသည်ပဲ