(၁၉)Z/U
1K 56 36
Zawgyi
________
မနက်ခင်းရောင်နီအလင်းတွေနဲ့အတူ လင်းကြက်တွန်သံကြားနေရချေပြီ။ဆောင်းအနည်းငယ်ဝင်ချင်နေပြီမို့ ခက်နွယ်ဆောင်အနည်းငယ်ထူတာလေးနဲ့အိပ်နေရချေပြီ
ဒီတစ်ခေါက်သီတင်းကျွတ်ပိတ်ရက်ကျ ခက်နွယ်အိမ်ပြန်ကာအနွေးထည်ယူရမည်ဖြစ်သည်။
ဒီအတောအတွင်းအိမ်ကိုပြန်လာဖို့ပြောနေပြီးခက်နွယ်မကြိုက်ရင်ဘာမှမလုပ်တော့ကြောင့်ကတိတွေအထပ်ထပ်ပေးနေတော့သည်။သိပ်မကြာခင်ဒီလလယ်လောက်ဆိုကျောင်းက၁ပတ်ကျော်တောင်ပိတ်တော့မည်ဖြစ်သည်။မှိုင်းမောင်ကကော
ခက်နွယ်အိပ်ရာပေါ်ထိုင်ကာစာစပ်နေရင်းမှိုင်းမောင်အကြောင်းတွေးမိသွားသည်။
အုံ့မှိုင်းမောင် !
ထိုနာမည်ကိုတိုးတိုးလေးရေရွက်လိုက်ပြီးခက်နွယ်အသက်ကိုခပ်ပြင်းပြင်း ရှုထုတ်လိုက်သည်။ဒီအတောအတွင်းမှာတော့ခက်နွယ်နဲ့သူ့အခြေကတော့အရင်အတိုင်းပင် ခက်နွယ်ကအမှားတွေလုပ်လိုက် သူကနောက်ကလိုက်ကြည့်နေပေးရတာနဲ့ သံသရာလည်တော့သည်။
လက်ကောက်ဝတ်ကနာရီကိုကြည့်လိုက်တော့ည၉နာရီ တောင်ရှိနေချေပြီ အနည်းငယ်အေးချင်လာတဲ့ရာသီဥတုကြောင့် ခက်နွယ် ပြတင်းပေါက်ဖွင့်ထားသည်ကိုသွားပိတ်ဖို့ပြင်လိုက်သည်။
ပြတင်းပေါက်ဖွင့်ခါနီးအိမ်ရှေ့ခြံစည်းရိုးနားတွေးလိုက်ရသည့် အရိပ် တစ်ခု
မှိုင်းမောင် !
သူအမြင်များမှားတာလား ထိုအရိပ်ကမှိုင်းမောင်နဲ့ဆင်တူနေသလိုပင်။
အနည်းငယ်လှမ်းချင်နေတဲ့ကွာအဝေးကြောင့် ခက်နွယ်သေချာရှင်းလင်းအောင်မနည်းကြည့်နေရသည်။
မှိုင်းမောင်!!
ခက်နွယ်ခေါ်တာကိုမကြားပဲသစ်ပင်အောက်ကနေ ထွက်သွားတဲ့ကျောပြင်လေး လရောင်သာသာအောက်မှာ ထင်းနေအောင်မြင်နေရသည့်မျက်နှာ တကယ်မှိုင်းမောင်ပင်!
သူကဘယ်သွားခဲ့လဲ ခက်နွယ်သိချင်စိတ်တွေနဲ့ပြတင်းပေါက်ကိုပိတ်လိုက်ပြီးအတွေးတွေနယ်ချဲ့နေတော့သည်။မနက်မှမေးကြည့်လိုက်တာပေါ့
***************
ခက်နွယ်မနက်ကျောင်းသွားဖို့ ခြံစည်းရိုးအပြင်ကိုအထွက်မှိုင်းမောင်နှင့်ဆုံလိုက်သည်။တိုက်တိုက် ဆိုင်ဆိုင်ပင် မေးစရာရှိတာနှင့်အတော်ပင်။