(၂၈)Z/U
1K 50 12
Zawgyi
________
"မှိုင်းမောင် မဟုတ်ဘူးလို့ ငါခေါင်းထဲမိုက်ခနဲဖြစ်သွားတော့သူကထိန်ပေးရုံပါ "
"ထိန်းပေးရုံဟုတ်လား ကျုပ်မမြင်ဘူးထင်လို့လားသူက ခများခါးကိုဖက်နေတာလေ "
"မှိုင်းမောင်တိုးတိုးပြောပါ "
မှိုင်းမောင်ကခက်နွယ်ကိုကျောင်းသွားကြိုတော့တိုက်တိုက်ဆိုင်ဆိုင် ပင်နားနေခန်းမှာသးနဲ့ဆရာတစ်ယောက်သာကျန်နေခဲ့သည်။ မှိုင်းမောင်များရောက်လာမလား ထကြည့်ဖို့လိုက်တော့ မိုက်ခနဲဖြစ်သွားတာကြောင့် ဘေးကဆရာကခက်နွယ်ကိုအမြန်ထိန်းပေးလိုက်တာပင်။
ဒါကိုမှိုင်းမောင်ကမသိပဲ သူ့ကိုစွပ်စွဲနေသည်။အခုတောင်တိတ်ဖို့ပြောနေတ. အသံတောင်ပိုကျယ်လယခဲ့သေးသည်။
"ဘယ်သူ ကြားကြားဗျာသပြေခက်နွယ်ဆိုတာ မှိုင်းမောင်ရဲ့အပိုင်မှန်းအကုန်သိတယ် နောက်ရက်ကစကျောင်းမသွားရဘူး"
"မှိုင်းမောင် "
"ဘာလဲ အပြင်မှာသာယာနေရလို့လား"
သူ့ကိုစွတ်စွဲနေရုံမက သူလုပ်ချင်တဲ့အလုပ်ကိုပိတ်ပင်နေတဲ့မှိုင်းမောင်ကြောင့်ခက်နွယ် အရွဲ့တိုက်ချင်စိတ်ပေါ်လာရသည်။
"မှိုင်းမောင်မင်းဘာလို့  ဟုတ်တယ်ငါတခြားလူနဲ့အတူအိပ်တယ် မင်းနဲ့မအိပ်ချင်လို့လေနားလည်ပြီလား"
"ခများ"
ခက်နွယ်မျက်ရည်တွေကြားက မှိုင်းမောင်မျက်နှာကိုအံ့ဩတကြီးကြည့်နေလိုက်သည်။
မှိုင်းမောင်ကအခုသူ့ကိုရိုက်ဖို့ လက်ရွယ်ထားသည်လား
"မှိုင်းမောင် မင်းအခုငါ့ကိုရိုက်မလို့လား"
"တောင်းပန်တယ်...ကျုပ်တမင်မရည်ရွယ်ပါဘူး
ကျုပ်ဟာကွာ..... စိတ်မဆိုးပါနဲ့ "
ခက်နွယ် ကုတင်ပေါ်လဲအိပ်ကာ စောင်ကိုခေါင်းမီးခြုံထားလိုက်သည်။ခုတလော မှိုင်းမောင်ကပိုပိုဆိုးလာသည်။သ၀န်တိုစိတ်ကလဲပိုပိုများလာပြီးခက်နွယ်အပေါ်ကိုပိုပြီးတင်းကျပ်လာသည်။အရင်လိုမျိုးသူ့ကိုတစ်ယောက်ထဲကျောင်းတောင်မလွှတ်တော့။အကြိုအပို့အားလုံးသူပဲလုပ်ပေးနေတာပင်။အခုပိုပြီးဆိုးလာသည်။ခက်နွယ်ကိုတောင်ရိုက်တော့မလိုခြေအနေထိတောင်ဖြစ်သွားသည်လေ။ဒီလိုသာဆက်သွားနေမယ်ဆိုခက်နွယ်သည်းခံနိုင်တော့မည်မဟုတ်။