(၂၇)Z/U
1.1K 49 2
Zawgyi
_______
"ဟဲ့မိတုတ်မင်းကလေးကိုခေါ်စမ်းပါ "
"အကိုမှိုင်းမောင်ကလဲတော် ပွေ့ချင်တော့လဲ သူပဲ ကလေးကိုပေးပေးကျုပ်ဆီ "
ဒီနေ့မှိုင်းမောင်တို့ဆီ ဟိုဘက်ရွာက အမေ့တူမ မှိုင်းမောင်ရဲ့ညီမတစ်ဝမ်းကွဲတို့မိသားစုလာလည်ကြတာပင်။
ကလေးချစ်တက်တဲ့ မှိုင်းမောင်ကတော့ ကလေး ကိုမြင်တာနဲ့အလျင်အမြန်ပင်ပွေ့ချီတော့သည်။
စကားတပြောပြောနှင့်ညနေကျောင်းဆင်းချိန်ရောက်နေတာတောင်သတိမထား မိလိုက်။ ခက်နွယ်ကိုခြံစည်းရိုးဝနားမှာတွေ့လိုက်မှ ကလေးကိုအမြန်ပက်သူ့အမေလက်ဆီသို့  ထိုးပေးလိုက်သည်။ ဒါတောင် ခက်နွယ်မျက်ဝန်းထဲကစိတ်မကောင်းဖြစ်နေသည့်အရိပ်အယောင်ကိုတွေ့ လိုက်ရသေးသည်။
"ကျုပ်ကမတွေ့ရတာကြာလို့  ကလေးကိုသတိရလို့ပွေ့တာပါ ခများတစ်ယောက်ထဲပြန်ခဲ့တာလား"
"မဟုတ်ဘူးမှိုင်းမောင် "
"ကျုပ်ကစိတ်ပူလို့ပါစကားဝိုင်းထဲရောက်နေတာနဲ့ခများကျောင်းဆင်းချိန်ကိုမေ့သွားတာ လာခဲ့ "
"အင်း "
မှိုင်းမောင်က ခက်နွယ်လက်ကိုဆွဲကာ သူထိုင်တဲ့နေရာကိုထိုင်ခိုင်းလိုက်သည်။
ခက်နွယ်ကတော့ခနကမှိုင်းမောင်ပွေ့လိုက်သည့်ကလေးကို သာစိုက်ကြည့်နေလိုက်သည်။မှိုင်းမောင်ကထိုအရာသတိထားမိပုံ ရသွားသည်ထင်ပါရဲ့
"မိတုတ်တို့ အိမ်ပြန်ကြတော့ "
"ဟဲ့မှိုင်းမောင် မင်းနှမကိုဘာလို့နှင်နေတာလဲ သူကဒီမှာညအိပ်ဖို့တောင်လုပ်နေတာလေ"
"အမေကလဲ ညဆိုသူ့ကလေးက ငိုမှာနားညီးတယ်ဗျ "
"မှိုင်းမောင် မင်းအရင်ကအ့လိုမဟုတ်ပါဘူး ကလေးတွေကိုချစ်လွန်းလို့အခုမှ "
"အမေကလဲ ကျုပ်ဘယ်တုန်းကလဲ ကလေးချစ်လို့လဲ သွားမယ် ခများလဲထတော့ အိမ်ပြန်နော်မိတုတ် မဟုတ်လဲ နင့်အမေကိုပြန်"
"ကောင်းပါပြီတော် "
မိတုတ်က အကိုဖြစ်သူရဲ့အဖြစ်သည်းမှုကိုကြည့်ပြီးဩချနေမိသည်။တကယ်ပါအကိုမှိုင်းမောင် ဆရာလေးကို ဘယ်လောက်ချစ်ပြီးအလိုလိုက်လဲဆိုတာ ဟိုဘက်ရွာထိတောင်ကြားရသည်။ ဒီရွာမှာလဲ အကိုမှိုင်းမောင်ကအချမ်းသာဆုံးဖြစ်သလိုတခြားရွာတွေမှာပါ သူတို့အကူအညီယူနေရတဲ့လူတွေများစွာရှိသည်။ဒါကြောင့်လဲ တစ်ဦးတည်းသောသူဋ္ဌေးသားလေးက ယောက်ျားလေးတစ်ယောက်ကိုကြိုက်နေတဲ့သတင်းကမွှေးပျံ့နေတော့သည်။