(၁၀)Z/U
1.1K 62 6
Zawgyi
_______
“တစ်ခုခုလိုချင်ရင်လဲပြောပါဗျာ ကျုပ်ဖြင့်ခင်ဗျားကိုကလေးထိန်းသလိုထိန်းနေရတယ်မကြာခင်ကျုပ်လဲ မိန်းမမရပဲကလေးအဖေဖြစ်တော့မယ်ဗျ”
“မိန်းမကယူဦးမှာလား”
ခက်နွယ် ကမျက်ခုံးတစ်ချက်ပင့်ကာမေးလိုက်တော့
“ကျုပ်ကယောက်ျားလေးလေဗျာ မိန်းမယူရမှာပေါ့ ပြီးတော့ကျုပ်ကကလေးတအားချစ်တက်တာဗျ ဟီး မိန်းမရရင်ကလေးတွေတန်းစီမွေးခိုင်းဦးမယ်။”
“သဘောကျရတဲ့ လူများရှိနေပြီလား ”
“ရှိတော့မရှိဘူးပေါ့ဗျာ ”
“ရည်ရွယ်ထားတဲ့လူကော”
ခက်နွယ် တုန်ရီနေတဲ့အသံတွေနဲ့ မေးလိုက်တယ်။ဒါမဲ့ မှိုင်းမောင်ကသတိမိပုံမရ။ကျေးဇူးပြီး ...
“ ရွာကကွမ်းတောင်ကိုင်မလေးလှယဉ်ကိုလေ ဘယ်လိုလဲသူကလှတယ်မှတ်လား”
လှယဉ်ဆိုတဲ့ နာမည်အတိုင်းပင်ယဉ်ယဉ်အေးအေးနဲ့လှနေတာပင်။ ခက်နွယ်သူ့ကိုသိသည်။
“အော် ”
“ကျုက်ကသဘောပြောပြတာပါ ကျုပ်ကအသက်ငယ်သေးတော့အ့လောက်တွေးနေဖို့
မလိုပါဘူး”
“အင်း ငါ အိမ်မြန်တော့မယ်နေသိပ်မကောင်းလို့”
တစ်ခါတလေကျွန်တော်သုံးပြီးတစ်ခါတ
လေငါဆိုပြီးသုံးနေတာကြောင့်မှိုင်းမောင်အတွက် ခက်နွယ်ရဲ့ အသုံးအနှုန်းတွေကအထူးအဆန်းဖြစ်မနေတော့
“နေပါဦးဗျာ ကျုပ်နဲ့အတူပြန်ရအောင် ခနနေလှယဉ်တို့တွေရေခပ်ဆင်းလာကြတော့မှာ ”
တစ်ခါတစ်လေ အဖေကမှိုင်းမောင်နဲ့အတူအလုပ်တဲ့နေ့ဆို ပုံမှန်ထက်စောပြီးအလုပ်ပြီးတက်သည်။
အခုလဲ ဆရာလေးနဲ့အတူညနေခင်းလမ်းလျှောက်နေတာပင်။အပျင်းလဲပြေသလို ခက်နွယ်ကိုတက်နိုင်သလောက်သူအဖော်ပြုပေးနေလိုက်တယ်။
“ငါပြန်တော့မယ်ငါကလေးတွေအိမ်စာစစ်ဖို့ရှိသေးလို့ ”
“ဟုတ်သားပဲအလုပ်ရှိနေတာကိုဗျာ ဒါဆိုတစ်ယောက်ထဲပြန်လို့အဆင်ပြေရဲ့လား”