(၃)Z/U
1.4K 79 0
Zawgyi
_______
"ဗျို့ ဆရာလေး!"
ခက်နွယ် ရဲ့ လက်ပတ်နာရီလေး၈နာရီ၃၀မိနစ်ကိုညွှန်ပြနေချိန်အိမ်အောက်ကကြားလိုက်ရသည့်အော်သံတစ်ခုကြောင့် ပြုံးမိသွားသည်။
"မှိုင်းမောင် ဘာကိစ္စလဲ "
"အလို သူကြီးမေ့နေပြီလား ဒီနေ့ကျောင်းဖွင့်ရက်လေဗျာ ကျုပ်ဆရာလေးခက်နွယ်ကိုကျောင်းပို့ပေးချင်လို့ သူကခုမှစရောက်လာတာမှတ်လား တစ်ရက်လေးအဖော်လိုက်ပေးတော့ကောင်းတာပေါ့ဗျာ !"
"ဟုတ်သားကွာ ခနစောင့်နော် ဆရာလေးကိုသွားခေါ်လိုက်မယ် "
အုံ့မှိုင်းမောင် ဘာမှမပြောတော့ပဲ အိမ်အောက်မှာရပ်စောင့်နေလိုက်သည် ချက်ချင်းပင်လှေကားပေါ်ကဆင်းလာသည့်ဆရာလေး
အဖြူရောင်လည်ကတုံးလေးနှင့်အစိမ်းရောင်ပုဆိုးလေး
ကတ္တီပါဖိနပ်အမည်းလေးကသူ့ခြေတောက်ဖြူဖြူလေးတွေပိုလိုက်ဖက်နေသလို။ဆံပင်ကိုတော့သေချာပြင်ထားပုံမရ ပုံမှန်အချိန်လိုပွယောင်းပြီး ခပ်အုပ်အုပ်ဖြစ်နေသည်။
"ကြည့်ရတာအဆင်ပြေလား"
"ပြေပါတယ်ဗျဒါမဲ့ခေါင်းကတော့ဆီနည်းနည်းထည့်ဦး "
ခက်နွယ်သူ့ခေါင်းကိုအုပ်ကိုင်လိုက်ပြီးမျက်လုံးလေးပြူးကာသူ့မေ့ခဲ့သည့်ခေါင်းလိမ်းဆီအကြောင်းပြောလိုက်သည်
"ခေါင်းလိမ်းဆီကယူခဲ့ဖို့မေ့သွားတာ"
"သိပ်ပြီးတော့လဲအရေးမကြီးပါဘူး ဆရာလေးကကြည့်ကောင်းပါတယ် "
"ဟုတ်လား ကျေးဇူးပဲဟီး"
ဘယ်သူကကိုယ့်ကိုချီးကျူးနေတာမကြိုက်ပဲနေမည်နည်း
ခက်နွယ်ကလဲလူထဲကလူတစ်ယောက်မို့ကိုယ့်ကိုချီးကျူးရင်
မနေတက်တော့။
"ဒါဆိုသွားကြတာပေါ့"
"ဟုတ်ကဲ့ပါ"
"ပေးခဲ့ပါဗျာအိတ်က "
မှိုင်းမောင် အိတ်ကိုဆွဲယူလိုက်ပြီးရှေ့ကသွားနှင့်လိုက်တော့သည်။
ခက်နွယ်ကတော့အနောက်ကနေပြုံးပြုံးကြီးလိုက်ခဲ့လေရဲ့
ကျောင်းရောက်တော့သူသင်ရမဲ့ Grade -5အတန်းကိုပို့ပေးပြီးအုံ့မှိုင်းမောင်ကကျောင်းကဆရာမလေးတွေနဲ့ပြုံးပြုံးပျော်စကားပြောနေလေရဲ့ တွေ့သမျှလူကိုပြုံးပြနေတော့တာပဲ