(၁၃)Z/U
1K 61 4
Zawgyi
_______
“ဆရာလေးခက်နွယ် ”
“အော်... မှိုင်းမောင် အလုပ်ကပြန်လာပြီလား”
ခက်နွယ် ဒီတစ်ပတ်လုံးလုံးမှိုင်းမောင်ကိုရှောင်နေခဲ့တာဖြစ်တယ်။
မသေချာမရေရာတဲ့သူ့ခံစားချက်တွေကို သူအခုသုံးသပ်နေတာဖြစ်တယ်။သူ့ကိုများမတွေ့ရင်ဒီခံစားချက်တွေမရှိလောက်ဘူးထင်၍အခုလိုလုပ်နေ တာဖြစ်တယ်။
အခုတောင်ရှောင်နေတဲ့ကြားက အခုလိုလာတွေ့နေရသေးသည်။
“ခင်များကိုကျုပ်အခုတလောသိပ်မတွေ့သလိုပဲ ”
မှိုင်းမောင် ဒီလူကသူ့ကိုတမင်ရှောင်ဖယ်နေတာသတိထားမိနေသည်။ခါတိုင်းသူ့ကိုတွေ့ရင်စကားတွေပြောနေတက်ပေမယ့်အခုဆိုလမ်းမှာ တွေ့ရင်တောင် သူ့ကိုပြုံးပြရုံကလွဲပြီးဘာမှမပြော။
ကျောင်းဖွင့်ရက်မို့ မတွေ့ရတာ သိပ်ပြီးမဟုတ်ပေမဲ့ ကျောင်းပိတ်ရက် ကလေးတွေနဲ့ဆော့နေတဲ့ ဒီလူက မှိုင်းမောင်နဲ့ဆုံရင်တောင်ရှောင်ဖယ် သွားတက်သည်။
အခုလဲ အလုပ်ကအပြန် လမ်းလျှောက်ထွက်လာတဲ့ လူကိုတွေ့လိုက်ရတော့ သေချာအောင်မေးလိုက်ခြင်းပင်။
“မှိုင်းမောင် !”
“ကျုပ်နာမည်မှိုင်းမောင်ဆိုတာကျုပ်သိတယ် ဘာလို့ခနခနခေါ်နေတာလဲ !”
“ငါ... ”
“ခင်များအခုတလောကျုပ်ကိုရှောင်နေသလိုပဲ ဘာစိတ်ဆိုးစရာရှိလို့လဲ ”
ခက်နွယ်ကသူ့ကိုမျက်မှောင်ကြုံ့ကာပြောနေတဲ့ မှိုင်းမောင်ရဲ့မျက်လုံးစူးရဲရဲတွေကိုစိုက်ကြည့်လိုက်တယ်။
စရောက်တဲ့ချိန်ကလိုမပြောင်းမလဲရှိနေသည့်ဒီမျက်နှာ လေးက ခက်နွယ်ကိုရူးအောင်လုပ်နေသလိုပင်။
ထူထဲနေတဲ့မျက်ခုံးတွေက တွန့်ကွေးနေပြီးနှုတ်ခမ်းတွေကိုတင်းတင်းစေ့နေတာကခက်နွယ်ကိုအနည်းငယ် ဒေါသထွက်နေမှန်းသိသာလှသည်။
"ငါ မှိုင်းမောင်ကိုမရှောင်ပါဘူး အခုတလောလပတ်စာမေးပွဲတွေနဲ့ရှုပ်နေလို့ပါ ပြီးတော့ငါအခုတောင်စာတွေစစ်ရမှာ ငါသွားတော့မယ်နော် "
အိမ်နားကနေပင်ပြန်ကွေ့ကာ အိမ်ထဲဝင်သွားတဲ့ ကျောပြင်သေးသေးလေးကို မှိုင်းမောင်ရဲ့ အမည်မသိအဓိပ္ပာယ်ဖော်ရခက်တဲ့မျက်လုံးတွေနဲ့စူးစိုက်ကြည့်နေလိုက်တယ်။