(၃၂)Z/U
1.1K 42 2
Zawgyi
_______
မှိုင်းမောင်မနက်ခင်းမှာစိတ်ကြည်လင်စွာနှိုးထလာခဲ့သည်။
အိပ်ရာဘေးကိုကြည့်လိုက်တော့ သူ့ရဲ့အချစ်လေးကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကြနေသည်ကိုတွေ့လိုက်ရသည်။ပခုံးထိခြုံထားတဲ့စောင်အောက်မှာတော့ မှိုင်းမောင်ကြောင့်ရရှိထားတဲ့ အနီစက်တွေပြည့်နေတာ သိနေသည် အခုတောင် လည်ပင်းတစ်လျောက်အနီစက်ကိုက်ရာတွေ တန်းစီနေတာပင် တချို့ဆို သွေးတွေစို့နေပြီး အခုပဲ သွေးတွေအပြင်ထွက်လာဖို့စုနေကြသလို....
"အချစ် မောင့်ရဲ့နွယ် နေရတာအဆင်ပြေလား "
ခက်နွယ်က ခေါင်းကိုသာညိမ့်ပြလိုက်ကာပြန်အိပ်လိုက်သည်။
"အချစ် "
"ဘာလဲ မောင်ရာငါအိပ်နေတယ်လေ ခနကမှငါ့ကိုအနားပေးထားတာကို"
"မောင်ကအချစ်နေလို့မကောင်းဘူးလားမေးမလို့ပါ တအားနာ နေသေးလား။"
ရိုးသားတဲ့ဖိုးသခွားလေးလို့ထင်ထားတဲ့မောင်ကဒီလောက်ဆိုးဝါးသောင်းကြမ်းမည်ဟုသူမထင်ထား။အပေးကောင်းလွန်းလို့ခုဆိုခက်နွယ်သေလုမျောပါးခံစားနေရပြီ။
"နာတာတော့နာပါတယ်ဒါပေမဲ့လဲ မောင်စိတ်မကောင်းမဖြစ်ပါနဲ့
ဟိုအ၀တ်သေတ္တာထဲမှာ လိမ်းဆေး တစ်ဗူးရှိတယ်အဲ့တာယူပြီးလိမ်းပေးပါလား "
"ဗျာ အာဟုတ်ကဲ့ "
မှိုင်းမောင်က ခက်နွယ်ပြောတဲ့လိမ်းဆေးကိုကြောင်တောင်တောင်နဲ့ကိုင်လာပြီးခက်နွယ် ကိုကြည့်နေလိုက်သည်။
"အချစ် !"
"အင်း "
"ဒါက ဘယ်လိုလိမ်းရမှာလဲ "
"မနေ့ကမောင်ဘယ်မှာလုပ်ခဲ့တာလဲ အဲ့လုပ်တဲ့နေရာမှာလိမ်း ဟုတ်ပြီလား "
ခက်နွယ်ကမျက်လုံးကိုမဖွင့်ပဲပါးစပ်ကသာတလှုပ်လှုပ်ပြောနေသည်။
"ဒါပေမဲ့ "
"မလုပ်ချင်လဲ ထားလိုက်ငါ့ဟာငါလိမ်းလိုက်မယ် "
"မောင်မလုပ်ချင်တာမဟုတ်ပါဘူး
ခနနော် မောင် လုပ်ပေးမယ် "
မှိုင်းမောင်တစောင်းအိပ်နေတဲ့ခက်နွယ်ရဲ့ စောင်ကိုလှပ်ကာ ခြေတောက်ကိုမလိုက်သည်။သိပ်ပြီးအဆင်မပြေတဲ့အနေအထားမို့ မနေ့ကသူလုပ်ခဲ့သလို
သူ့ခေါင်းအုံးကိုယူကာတင်ပါးအောက်ထားလိုက်သည်။