(၄) Z/U
1.2K 76 2
Zawgyi
________
ှိုသူကြီးအိမ်ကသစ်ပင်တစ်ပင်ခုတ်ချင်တယ်ဆို၍သူကြီးကလဲအသက် ကြီးနေတာ ကတစ်ကြောင်းမို့ယောက်ျားသားလေးမရှိတာမို့ ကာလသားခေါင်းဆောင်ဖြစ်သည့် စေတနာကောင်းသည့်မှိုင်းမောင်ကပင်လိုက်ခုတ်ပေးနေတာပင် သစ်ပင် ခုတ်နေတုန်း ဘေးကိုရောက်လာသည့်ဆရာလေးကြောင့် မှိုင်းမောင်စကားစမည်ပြောလိုက်သည်။ဒီနေ့ကစနေနေ့မို့ဆရာလေးအိမ်မှာရှိနေတာဖြစ်သည်။
"ကျောင်းမှာအဆင်ပြေလားဗျ"
“ပြေပါတယ်
ဒါနဲ့လေကျွန်တော်တစ်ခုမေးချင်လို့ ”
မှိုင်းမောင်ဘေးနားရပ်ကာ စကားပြောဖို့အားယူနေသည့်လူကို
ကြည့်ပြီးသစ်ကိုင်းတွေခုတ်နေတာကိုရပ်လိုက်သည်။
“မေးပါလေ ”
“မှိုင်းမောင်ကလေ...”
“ဟုတ်ကဲ့ ”
“ဘာမဟုတ်တော့ဘူး ”
“အယ် ”
ပြောမဲ့စကားကိုမပြောပဲအိမ်ပေါ်ပြေးတက်သွားတဲ့လူကြောင့် မှိုင်းမောင်စိတ်ရှုပ်စွာကျန်ခဲ့သည်။မှိုင်းမောင် ခေါင်းကိုကုတ်လိုက်ပြီး
“ထူးထူးဆန်းဆန်းနဲ့ ဘာမှန်းလဲမသိဘူး ”
ခုတ်စရာရှိတာဆက်ခုတ်နေပြီး သစ်ကိုင်းတွေကိုယူကာအိမ်ပြန်လိုက်တော့သည်။
တစ်ယောက်ယောက်သူ့ကိုခိုးကြည့်နေတာကို မှိုင်းမောင် တစ်ယောက်သတိမထားမိခဲ့ပါ။
************
"မှိုနဲ့အသားဟင်းချက်တာ ဒီကဆရာလေးများစားချင်မလားလို့"
ခက်နွယ်အိမ်ရှေ့ကကွင်းပျစ်ပေါ်ထိုင်နေတုန်းချိုင့်ဆွဲပြီးဝင်လာသည့်မှိုင်းမောင်ကပြောလိုက်ခြင်းပင်။ခက်နွယ်ကချိုင့်ကိုကြည့်ပြီး တစ်ချက်တွေဝေသွားသည်။
"မှိုလား "
အသံတိုးတိုးလေးနဲ့ ရေရွက်သံကြောင့်မှိုင်းမောင်သဘောပေါက်မိသွားပြီဖြစ်တယ်။
"မကြိုက်တာလား "
"မတည့်မှာစိုးလို့ "
"ဘာများစားထားလို့ပဲဗျ တကယ်လို့စားလို့မရတာဆိုရင်စားမနေပါနဲ့ဗျာ ကျုပ်သူကြီးတို့လင်မယားအတွက်ပေးလိုက်ပါ့မယ် တော်ကြာနေမကောင်းဖြစ်မှဒုက္ခတွေရနေဦးမယ်"