(၁၇)Z/U
1K 59 4
Zawgyi
_______
“မင်္ဂလာပါကလေးတို့မတွေ့တာကြာပြီ ”
ကျောင်းကကလေးတွေကသူ့ကိုမြင်တော့ဝမ်းသာနေကြချေပြီ။၁ပတ်လုံးကျောင်းမသွားနဲ့ဆိုတဲ့မှိုင်းမောင်ရဲ့စကားကြောင့် ခက်နွယ် နောက်တစ်ပတ်မှကျောင်းသွားရတော့တယ်။အခုတောင်ကျောင်းဝင်းနားကစားကျက်မြေမှာ နွားတွေကိုလွှတ် ထားပြီးလူကတော့ ခက်နွယ်အတန်းကပြတင်းပေါက်နားရောက်ရောက်လာသည်။ ခက်နွယ်ကဘာလုပ်နေတာလဲမေးတေယ့ခင်များနေမကောင်း
ထပ်ဖြစ်မှာစိုးလို့တဲ့လေ။
နေ့ လည်အတန်းနားချိန်မှာတော့မှိုင်းမောင် ဟာထပ်ရောက်လာပြီး ခေါင်းမူးတာပျောက်အောင်ဆိုပြီးသံပုရာရည်လာပို့ပေးခဲ့သည်။
ခက်နွယ်ချစ်စရာကောင်းသည့်ဖန်ဘူးကြည်ကြည်လေးကိုကြည့်လိုက်သည်။ခက်နွယ်အမှတ်မမှားရင်ဒါလွန်ခဲ့တဲ့ နှစ်ရက်ကကားကြီးတွေနဲ့ရောက်လာပြီး လျော့ဈေးဆိုပြီးအော်ခေါ်ရောင်းသည့် နေရာကဖြစ်သည်။ထိုချစ်စရာကောင်းတဲ့ဖန်ဘူးကိုခက်နွယ်တစ်ချက်နမ်းလိုက်ပြီးမှဘေးမှာလူရှိလားမရှိလားတစ်ချက်ကြည့်လိုက်သည်။တော်သေးသည်ဘယ်သူမှမရှိလို့မဟုတ်ရင်သူ့ကိုရူးနေတယ်ထင်နေတော့မှာပဲ။
ခက်နွယ် အဖုံးကိုဖွင့်ကာ ချက်ချင်းမော့သောက်လိုက်သည်။
သံပုရာရည်ရဲ့ချိုချိုချဉ်ချဉ်အရသာလေးက ခက်နွယ်စိတ်ကိုလန်းဆန်းလာစေသည်။
"မှိုင်းမောင်ကမလုပ်နိုင်တာမရှိဘူးပဲ "
ခက်နွယ်တစ်ဝက်ကျန်နေသေးသည့် ဖျော်ရည်ဘူး အဖုံးကိုပိတ်လိုက်ပြီး ရင်ဘတ်နားတိုးကပ်လိုက်သည်။ပြီးမှ တစ်စုံတစ်ခုကိုသတိရကာ
“အာ... ငါမေ့နေတာပဲ သူမလုပ်နိုင်တာတစ်ခုရှိသေးတာပဲကို”
ခက်နွယ်ပြုံးကာ စာသင်ခန်းထဲကပြုံးကာထွက်သွားတော့သည်။
'ဘာလဲ ဆရာလေးက မှိုင်းမောင်ကိုကြိုက်နေတာလား!'
တစ်စုံတစ်ယောက်က သူပြောသမျှကိုကြားသွားသည်ကိုခက်နွယ်မသိလိုက်။
************
"ပန်းကိုချစ်တဲ့ပန်းချစ်သူဆောင်ယူသယ်လာလေညှင်းရယ် ."