(၁၄)Z/U
1K 55 0
Zawgyi
________
ဖုန်းပြောပြီးခက်နွယ် အိပ်ရာပေါ်လှဲကာ မှိုင်းမောင်အကြောင်းတွေးနေလိုက်သည်။ထိုချိန်မှာပဲ အခန်းတံခါးခေါက်သံကြားလိုက်တော့ခက်နွယ်သွားဖွင့်ပေးလိုက်ရာ မြင်လိုက်ရသည့်လူကသူကြီးကတော်ဖြစ်နေခဲ့သည်။
“ဆရာလေးအောက်မယ် အမောင်မှိုင်းမောင်ရောက်နေလို့ ဆရာလေးကိုလာတွေ့တာတဲ့လေ ”
“ဟုတ်လား”
ခက်နွယ်အောက်ထပ်ကိုဆင်းလာတော့ ကွင်းပျစ်ပေါ်သူကြီးနဲ့ထိုင်ကာစကားပြောနေသည့်မှိုင်းမောင်ကိုတွေ့ လိုက်ရတယ်။
“ဆရာလေးလာပြီကိုးဒီမှာမှိုင်းမောင်ကဆရာလေးအတွက်တဲ့ လိုက်ချီးသီး (တရုတ်ဇီးသီး) လာပို့တာတဲ့ ကျုပ်တို့အတွက် ၂စည်း ပေးထားပြီဆရာလေးကိုကသပ်သပ်ချင်လို့တဲ့လေ ”
“အာ... အားနာစရာဗျာ ”
“အားမနာပါနဲ့ဗျာ ”
“ဒါဆိုကျုပ်သွားလိုက်ဦးမယ်မိုးတွေမိထားတော့ ကိုယ်လက်တွေကိုက်ခဲနေတာ ”
သူကြီးကပြောတော့ ခက်နွယ်ကမြန်မြန်သွားနားဖို့ပြောလိုက်တယ်။
မှိုင်းမောင်ကရေနွမ်းကြမ်းကိုမှုတ်သောက်နေရင်းရှေ့ကငက်ကယ်ဆံမြိတ်ပေါ်ကမိုး ရေတွေကျနေတာကိုကြည့်နေသည်။
“မှိုင်းမောင် နေမကောင်းဘူးလား”
ခက်နွယ်ပြောလိုက်မှသူကခက်နွယ်ကိုကြည့်လာပြီး
“ဘာမှမဖြစ်ပါဘူး နေမကောင်းတာကျုပ်မဟုတ်ပဲ ခင်များဖြစ်နေတာထင်တယ် ”
မှိုင်းမောင်ကခက်နွယ်ရဲ့မျက်နှာနီနီရဲရဲကိုကြည့်နေလိုက်သည်။ဒီလူကျောင်းသွားတာထီးမပါသွားတာသူသိသည်။ညနေရုတ်တရက်ရွာလာတဲ့မိုးကြောင့် မိုးမိသွားတာသူသိသည်။ဘာလို့ ဆိုအိမ်နားက ကလေးတွေသူတို့ဆရာကိုမိုးမသွားတာကြောင့်စိတ်ပူပြီးပြောနေတာကြားခဲ့တာဖြစ်တယ်။သေချာပေါက်ဒီလူဖျားမှာသေချာသည်။
“ငါခနနေဆေးသောက်လိုက်မယ် ”
“ရှိရဲ့လား မရှိရင်ကျုပ်ဟိုဘက်ရွာနားသွားဝယ်ပေးပါ့မယ်ဗျာ အားနာစရာမလိုပါဘူး”