(၂၅)Z/U
1.1K 51 0
Zawgyi
________
"ကျုပ်အချစ်တွေကဒီသပြေခက်လိုပဲ အချိန်တိုင်းနုပျိုလန်းဆန်းနေတာဗျ"
ခက်နွယ် သူ့ရှေ့  က သပြေပန်းခက်တွေကိုင်ထားသည့် အုံ့မှိုင်းမောင် ကိုကြည့်လိုက်ကာ
"ဒီညိုးနေတဲ့ သပြေခက်လိုလား "
ခက်နွယ်လက်ညှိုးထိုးပြလိုက်မှမှိုင်းမောင် သူ့လက်ထဲကသပြေခက်တွေထဲညိုးနေသည့်သပြေခက်တစ်ခုကိုတွေ့လိုက်တော့ ပြီးတော့ရှေ့ကလူကိုဟီးခနဲရီပြကာ ထိုညိုးနေတဲ့ အခက်ကို ယူကာ ကျောနောက်ဖွက်လိုက်သည်။
"သေချာခူးလာတာကိုညိုးသွားသေးတယ် "
ခက်နွယ်ရှေ့က စူပုတ်ပုတ်နဲ့ပြောနေတဲ့လူကိုကြည့်ပြီး အူယားမိသည်။ထိုလူရဲ့ပုံစံကလွန်လွန်ကျူးကျူးသည်းပြနေသည်မဟုတ်ဘဲ သူ့ပုံစံအတိုင်းသာ ဖော်ပြတက်သည့်လူ  ခက်နွယ်သဘောကျသည်။အခုလဲသူ့ကိုသပ်သပ်ချိန်းက နောက်ထပ် မရိုးနိုင်တဲ့ ရည်းစားစကားကိုပြောပါတော့မည်။
"ရသွားပြီ ဆရာလေးအတွက် "
ညိုးနေသည့် သပြေခက်တစ်ခက်ကို နောက်ကျောဘက်ထားပြီး ညာဘက်လက်ကသပြေပန်းအစည်းလိုက်ကခက်နွယ်ဆီကိုထိုးပေးနေသည်။ဘယ့်နှယ့် သူများတွေ ပိုးပန်းရင်ပန်းတွေလက်ဆောင်ပေးရသည်ကို
သူ့ကျမှ ဘာပန်းမှမပါပဲ သူနဲ့နာမည်တူ သပြေခက် ကို ပိုးကြေးပန်းကြေးအနေနဲ့ရသည်တဲ့ သူထင်တာမမှားရင်အိမ်နားက သပြေပင်ဆီကခူးလာတာဖြစ်မည်။
"ယူပါဗျာ ကျုပ်ရှက်တယ်ဗျ တစ်ယောက်ယောက်မြင်သွားရင် ဟိုဆရာလေးပါအရှက်ရနေပါအုံးမယ် "
ခက်နွယ် ကိုလက်ထဲကသပြေပန်းတွေကို ထိုးပေးပြီး အမြန်ပြေးထွက်သွားသည့်မှိုင်းမောင်ကိုကြည့်ရင်း ဟီးခနဲတစ်ချက်ရီလိုက်ကာ ပန်းကိုအယောင်အယောင်အမှားမှား နမ်းရှိုက်လိုက်သည်။
"အယ်... ငါလဲဘာအနံ့မှမရတဲ့ပန်းကိုနမ်းနေသေးတယ်"
မရိုးနိုင်သောမှိုင်းမောင်ရဲ့အရူးထတဲ့ပိုးပန်းမှုတွေထဲဒီတစ်ခါ ခက်နွယ်ရင်အခုန်ရဆုံးပင်။နေ၀င်ချိန်တောရိုင်းပင်တွေကြားခက်နွယ်ပြုံးကာရပ်နေမိသည်။