(၂၁)Z/U
1K 58 3
Zawgyi
_______
"မာမီ သားတကယ်အဆင်ပြေပါတယ်
အဲ့မှာပျော်ဖို့ကောင်းပါတယ် "
"အဲ့မှာပျော်ဖို့ကောင်းတာ တခြားကြောင့်မဟုတ်ပဲ ပျော်အောင်လုပ်ပေးနေလို့များလား သားခက်နွယ်"
"မာမီဘယ်လိုသိ "
ခက်နွယ်ကမီနာဘက်ကိုလှည့်ကြည့်လိုက်တော့ သူမပြုံးစိစိနဲ့သူ့ကိုမျက်နှာလွှဲ လိုက်သည်။
မနေ့ကအိမ်ပြန်ရောက်ထဲက မီနာက သူ့အိမ်ကိုမပြန်ပဲ ဒီအိမ်မှယနေနေတာပင်ငယ်ငယ်ထဲက မောင်နှမတွေလိုဖြစ်နေသည်မို့ ခက်နွယ်တို့အိမ်မှာနေချင်သလိုနေလို့ရနေတာပင်။
"ပြောပါဦး သူ ကခက်နွယ်အပေါ်ကောင်းရဲ့လား"
"မာမီ သားကပဲသူ့ကိုကြိုက်တာပါ သူကဒီတိုင်း"
"ငါ့သားနာကျင်ရမှာပဲ "
မာမီကသူ့ခေါင်းကို ပွတ်ကာပြောတော့ခက်နွယ်က
"သားအဆင်ပြေပါတယ် မနက်ဖြန်လောက်တော့မီနာတို့နဲ့ ဈေးဝယ်ထွက်ဦးမယ် "
"ဘာလဲ သူ့အတွက်ဝယ်ပေးမလို့လား"
"အင်းနည်းနည်းပါမာမီ အာ သားရဲ့ အသီးခြောက်တွေကော"
"ရှိပါ့ မာမီ ဗူးထဲသေချာထည့်ပေးထားတယ် "
"သိုင်းကျူးမာမီ "
ခက်နွယ်ကအမေဖြစ်သူရဲ့ပါးကိုနမ်းလိုက်ပြီးအပေါ်ထပ်ကသူ့အခန်းဆီပြေးတက်ခဲ့လိုက်သည်။မီနာကလား အမေလုပ်ကျွေး သမျှမုန့်တွေကိုထိုင်စားနေလိမ့်မည်။
************
မှိုင်းမောင်လက်ထဲကဖုန်းကိုကိုင်ကာဖုန်းဆက်ရမလားမဆက်ရဘူးလားတွေးနေတော့သည်။ နားထဲမှာတော့ လှယဉ်ရဲ့ပြောစကားတွေကိုကြားယောင်နေမိတယ်။ငိုင်ပြီးထိုင်နေတဲ့သူ့ အနားကို ထင်းတွေသယ်နေတဲ့အဖေဖြစ်သူကရောက်လာပြီး
“မှိုင်းမောင် သားလေးအဲ့နားမယ်ဖုန်းကိုင်ပြီး ထိုင်နေတာဘယ်လောက်ကြာနေပြီလဲ ”
“ဟင်အဖေ!”
"အေးမင်းခုတလော အတွေးတွေလွင့်နေတယ်နော်
ဘာလဲဆရာလေးကိုသတိရလို့ လားသတိရရင်လဲ
ဖုန်းလေးဘာလေးဆက်လိုက်ပါလား"