(၉)Z/U
1.1K 74 8
Zawgyi
_______
“ဗျို့မှိုင်းမောင်ရေ ”
မှိုင်းမောင်ယာထဲကအပြန်သူကြီးအိမ်ရှေ့ရောက်တော့ သူကြီးကသူ့ကိုလှမ်းခေါ်လိုက်တာပင်။
“ဘာကိစ္စတုန်းဗျ ”
မင်းမအားတာလဲသိပါတယ်ဒါမဲ့ ဆရာလေးကိုသွားခေါ်ပေးပါဦး
မှိုင်းမောင် ဆရာလေးဆိုတဲ့ အသံကြောင့်ပခုံးပေါ်က ထမ်းထားတဲ့ပေါက်ပြားကိုအောက်ပစ်ချလိုက်တယ်။
“သူကဘယ်ကိုသွားတာတုန်း”
“အေးကွာ ရွာဘုန်းကြီးကျောင်းနားကသရက်သီးစားချင်လို့ဆိုပြီး
ညနေထဲကထွက်သွားတာဒီမှာအိမ်ကမိန်းမလဲ တစ်ယောက်ထဲကျန်တော့စိတ်ပူနေရတာ ”
“ရပါတယ် သူကြီးက နေခဲ့ဗျာကျုပ်သွားခေါ်ခဲ့လိုက်မယ်”
“အေးကွာကျေးဇူးပါပဲ တားလို့မရတော့လဲလွှတ်ရတာပေါ့ကွာ”
“ကျုပ်သိပါတယ် ဒါဆိုကျုပ်သွားပြီ ပေါက်တူးကိုဒီနားချထားလိုက်မယ်
ခနနေပြန်လာမှယူတော့မယ်”
“အဆင်ပြေသလိုလုပ်ပါကွာ”
မှိုင်းမောင်ပေါက်တူးကိုချကာပုဆိုးကိုပြင်ဝတ်လိုက်ပြီး
ရွာဘုန်းကြီးကျောင်းဆီလာခဲ့တယ်။
အတန်ကြာလမ်းလျှောက်သွားတော့ တွေ့ပါပြီ ကလေးတွေတစ်သိုက်နဲ့ သရက်သီးခူးနေတဲ့ ဆရာလေးသပြေခက်နွယ် တုတ်နဲ့ခြွေလို့ကျလာတဲ့သရက်သီး
ကိုကလေးတွေကပြုံးပြီးကောက်နေကြတယ်။တော်တော်ကြာတဲ့အထိမှိုင်းမောင်ရပ်ကြည့်နေသော်လည်းသူ့ကိုဂရုစိုက်မိပုံမရ နေတောင်ဝင်နေပြီကိုဒီလူသတိမထားမိတာလား
“အကိုလေးသပြေခက်နွယ်!!”
“ဟင် ”
ခက်နွယ်ကြားလိုက်ရတဲ့ ရင်းနှီးနဲ့အသံကြောင့်သရက်ခူးလက်စကိုရပ်ကာအသံလာရာဆီလှမ်းကြည့်လိုက်တော့မျက်နှာကြီးမှုန်ကုတ်ကာရပ်နေတဲ့ မှိုင်းမောင်
“ခင်ဗျားဘယ်ချိန်ရှိနေပြီလဲဆိုတာမသိ.. ”
ဘုတ်!
အာ့!!
တိုက်တိုက်ဆိုင်ဆိုင်အပင်ပေါ်ကသရက်သီးကိုတုတ်ဖြင့်လိမ်ယူချိုးထားတာကြောင့်သရက်သီးတွေကကြွေကျလာပြီးခက်နွယ်ခေါင်းပေါ် တည့်တည့်ပြုတ်ကျလာတာကြောင့် ခက်နွယ်ရဲ့ တစ်ခေါင်းလုံးအီစိမ့်သွားရသည်။ကြယ်တွေလတွေဆောင့်လိုက်မြင်သွားသလိုပဲ