Part 2

11.1K 758 93
                                    

မိုးရာသီဝင်လာပြီမို့ မိုးချိန်းသံတွေ ညံနေပြီး မိုးတွေ အငြိုးတကြီး ရွာချလာသည်။ daddy နဲ့ ဖေဖေတို့ လွန်ခဲ့တဲ့ နာရီဝက်ကတင် အိမ်ပြန်ရောက်ပီ ဖြစ်ကြောင်း သူ့ဆီ ဖုန်းဆက်လို့သာ ။ မဟုတ်ရင် သူ စိတ်ပူနေမိမှာ ။ အနားက ပန်းရောင်ကောင်လေးကို ကြည့်လိုက်တော့ မိုးတချက် ချိန်းတိုင်း ခန္ဓာကိုယ် လေး တုံ့ကနဲ ဖြစ်သွားသည်။ သူ့ထက် ငါးနှစ်ငယ်သော ကလေးငယ်ဟာ လူကောင် သေးလွန်းတာကြောင့် ခန္ဓာကိုယ် ကွေးကွေးလေးလုပ်နေချိန်မှာတော့ ပန်းရောင်ဘောလုံးလေး တလုံး လို ဖြစ်နေသည်။

'' မိုးချိန်းတာ ကြောက်ရင်... ကိုယ့်ဘက် တိုးလာခဲ့ ''

'' ကိုကို! !!... ''

ကဲကဲလေး ကိုကို့စကား ကြားသည်နှင့် က်ိုကို့ ရင်ခွင်ထဲ လုံးနေအောင် ပစ်ဝင်ပလိုက်ပြီး ဖက်ထားလိုက်၏ ။ ညနေက ဖေကြီးပြောစကားကြောင့် ကိုကို့အား သူအနှောက်ယှက်ပေးမိရင် က်ိုကိုနဲ့အတူတူမအိပ်ရမည်ကို စိုးရိမ်ကာ သူကြောက်ရွံ့သော မိုးချိန်းသံကြီးတွေ တဂျိမ်းဂျိမ်းနဲ့ တဝေါဝေါမြည်သည်အထိ ရွာသွန်းနေသော မိုးတို့ကို အံတုကာ  ကိုကို့နား မကပ်ရဲ ။ ယခင်ကဆို မိုးရွာသည်နှင့် အခန်းအလည်တံခါးကို ဖွင့်ပြီး ဖေကြီးနဲ့ပါးပါး ကြားထဲကို ဝင်အိပ်လေ့ရှိသည်။ ခုတော့ ကိုကို့ရင်ခွင်ထဲမှာ သူအိပ်ရတော့မည်။ ဟ်ိ..ဟိ ။

ကိုနေ  သူ့ရင်ခွင်ထဲ ရောက်လာသော ပန်းရောင်အနွေးလုံးလေးကြောင့် ညမီးရောင် သဲ့သဲ့လင်းနေသော အခန်းထဲဝယ် သူ့နှုတ်ခမ်းပါးတို့ ပြုံးယောင်သန်းသွားသည်။ ကဲကဲလေး ခေါင်းအုံးလေးကို ဆွဲယူလိုက်ပီး သူ့ခေါင်းလုံးလုံးလေးအောက် ထည့်ပေးလိုက်ကာ စောင်လွတ်နေသော နောက်ကျောသေးသေးလေးကို သူ့စောင်ကြီးဖြင့် ခြုံပေးလိုက်သည်။ စောင်တထည်အောက် အတူတူခြုံလိုက်ပြီး ကျောပြင်သေးသေးလေးကို ပုတ်လိုက်သည်။

'' မကြောက်နဲ့တော့...''

'' ဟီး...ဟုတ်ကဲ့ ကိုကို! ! ''

မျက်လုံးဝိုင်းလေးတွေက ညအလင်းရောင် ဖျော့တော့တော့ကြားမှာတောင် တလက်လက်တောက်ပနေပြီး သူ့အား ရင်ခွင်ထဲကနေ ခေါင်းမော့ကြည့်နေသည်။ ညအိပ်မပျော်သေးသည်မှာ သေချာသည်။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now