Part 6

9.2K 646 131
                                    

'' ဦး ....သားကဲကဲလေး ပြန်မလာသေးဘူး....''

'' သားနေ ဆီ ဖုန်းဆက်လိုက်လေ ကလေးငယ် ''

ညဝတ် ကတ္တီပါ နီညိုရောင်လေး ဝတ်ထားတဲ့ ကလေးငယ်ဟာ တနေ့ထက်တနေ့ ပိုပိုနုငယ်လာသယောင်။ သားငယ်လေး... သူ့ကိုကိုဆီကနေ ပြန်မလာသေး။ အရင်နေ့တွေကဆိူ ဒီအချိန်လောက် စာကျက်ပြီးလို့ ပြန်လာပီ ဖြစ်ရာ....ခု နောက်ကျနေတော့ ကလေးငယ် စိတ်ပူနေပြီ။ Time ကတော့ စိတ်မပူဘူးရယ်တော့ မဟုတ်။ သားနေကလဲ ကဲကဲလေးပေါ် ချစ်နေသည်ကို သူရိပ်မိသောကြောင့်ပင်။ သားကဲလေးထက် သားနေက ငါးနှစ်အသက်ပိုကြီးတာကြောင့်ရော၊ စီးပွားရေး လောကမှာ ဦးနေမြတ်သော် ရယ်ဆိုပြီး ထိပ်ပြေးနေတာကြောင့်ပါ သူ့သားငယ် ကဲကဲလေးအတွတ် Time ဝမ်းသာမိသည်။ သားတွေ ချစ်မိသူတွေက ဆင်းရဲချမ်းသာ မရွေး Time တို့ လင်မယားက လက်ခံပေးမည်သာ။ သို့သော် သားကဲလေးက ကလေးစိတ်လေးနဲ့ နူးညံ့တဲ့ ကလေး ဖြစ်တာကြောင့် သားနေလို ထိန်းမတ်လမ်းပြကာ စောင့်ရှောက်ပေးနိုင်သူနဲ့ဆို Time အတိုင်းမသိ သဘောတူပါသည်။

Sweety. .သားနေ ဖုန်းကို ဆက်လိုက်ကာ သားကဲလေး ဘာလုပ်နေတာလဲ မေးတော့ အသံစူးစူးလေးနဲ့ ကဲကဲလေးက ပြန်ဖြေလာသည် ကြောင့် သူ ဖုန်းချလိုက်သည်။

'' ဘာပြောလဲ... ကလေးငယ် ''

'' ခုမှ စာကျက်ပြီးလို့ တဲ့...ခုပြန်လာပြီ ပြောတယ်... ဦး ''

'' အွန်း...အဲ့ကြောင့် စိတ်ပူမနေနဲ့ တော့...လာပါအုံး.. ဦးဆီ ''
ကုတင်ခေါင်းရင်းကို မှီထိုင်နေရင်း သူ့အား ခေါ်နေသော ဦးကြောင့် Sweety ..ဦးရဲ့ ရင်ခွဲထဲ တိုးဝင်ကာ ဦး နှလုံးခုန်သံ အား နားထောင်လိုက်တော့...

'' ကလေးကို ချစ်တဲ့ အကြောင်း နှလုံးသား လေးက ပြောနေတယ်... သေချာနားထောင် ကလေး...ဟက်..''

'' ဟီး...ဦး ...''

ကလေးငယ်ရဲ့ ဆံသားညိုညိုလေးတွေကို နမ်းရှိုက်မိတော့ ရင်ခွင်ထဲက ကလေးငယ်ကလဲ သူ့ရင်ဘတ်ကြီးအား နမ်းနေလေရဲ့။ တသားမွေး တသွေးလှတဲ့ ကလေးငယ်ကို သူ့မှာ ချစ်ရလွန်းလို့... တနေ့ထက်တနေ့ ပိုတိုးရွေ့သာ ချစ်ရပါ၏။

******************

ကိုကို့ရဲ့ နောက်ထပ်ကျရောက်လာတဲ့ အနမ်းတွေအား ကဲကဲလေး ရင်ခုန်စွာ ခံယူနေရင်း အိမ်ပြန်နောက်ကျလို့ ဖေဖေ ဖုန်းဆက်မှသာ အနမ်းတို့ ပြတ်လပ်ကုန်တော့၏။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now