Part 4

9.1K 709 29
                                    

  '' သားကဲကဲ...လေးမြတ် ပေးတဲ့ဆေးတွေ သောက်ရမယ်နော် ။ လက်ဖက်တွေလဲ စားလို့မရဘူး ။ ရေခဲ့မုန့်ရောပဲနော် ''

'' ဟုတ်...ကဲကဲ မစားပါဘူး လေးမြတ် ''

'' လေးမြတ် ဆေးထိုးပေးခဲ့မယ် ကဲကဲလေး ''

ကဲကဲ အိပ်ယာလေးပေါ် တစောင်းလေး လှဲအိပ်ပေးပြီး ဖေဖေက ဘောင်းဘီလေး ဆွဲချပေးသည်။ လေးမြတ် ဆေးမထိုးမီ ကဲကဲမှာ စိတ်မနဲတင်းထားရ၏။ ဆေးထိုးရတာ ကြောက်တာထက် ကဲကဲက မထိုးမီ အချိန်လေးကို တွေးကြောက်တာ။ လေးမြတ် ဆေးထိုးပြီးတော့ ဖေဖေက ပွတ်ချေပေးသည်။

'' သားငယ် အိပ်လိုက်အုံး...ဖေဖေ  စွတ်ပြုတ် ပြုတ်ပြီးရင် လာနှိုးမယ်... ''

'' စွတ်ပြုတ်က ညကြမှ သောက်မယ် ဖေဖေ..ကိုကို့ကို ကြေးအိုးမှာထားတယ်...ကိုကိုလာမှ ကဲကဲ ကြေးအိုး သောက်တော့မယ်ရယ် ''

လေးမြတ်နဲ့ ဖေဖေ  အပြင်ထွက်သွားတော့ ကဲကဲလေး သိပ်မအိပ်ချင်သေးသည်နှင့် အတွေးတို့ ဖြန့်ကျက်နေမိ၏။ အချိန်တွေက ခနလေးနဲ့ အကုန်မြန်နေသလို။ ခုဆို ကဲကဲလေး ဆယ်တန်းကျောင်းသားကြီး ဖြစ်နေပြီ။ ကဲကဲလေး ကိုကိုက ဆယ်တန်းကို 5D နဲ့ အောင်ကာ စီးပွားရေး နဲ့ ဘွဲ့ရသွားပြီး
ခုဆို Nay group CEO ကြီး ဦးနေမြတ်သော် ဖြစ်နေပြီ။ အသက်က နှစ်ဆယ်စွန်းလေးနဲ့ CEO ရာထူးကြောင့် လူအများက နာမည်ကို ဦး တတ်ပြီး ခေါ်ဝေါ်နေကြရပြီ။ ဆယ်တန်းအောင်ကထဲက ကဲကဲလေးတို့ ဘေးအိမ်က အိမ်နဲ့ခြံ ရောင်းသည်နှင့် ကိုကိုက တန်းဝယ်လေသည်။ ဖေကြီးတို့နဲ့ ကဲကဲလေးက ဘာလို့ဝယ်တာလဲ မေးတော့ သူ အစကထဲက ဆယ်တန်းပြီးရင် သီးသန့်အိမ်နဲ့ နေမည်ဟု ဆုံးဖြတ်ထားလို့တဲ့လေ။

ကဲကဲလေးက ကိုကို့အပြောကို မကြိုက်လို့ ညဘက် ကောက်တော့ ရှားပါးလှစွာ နူးနူးညံ့ညံအေးအေးဆေးဆေးလေး ကဲကဲအား ရှင်းပြလာ၏။ ကိုကို့ကို အန်ကယ်လေးတို့က မိသားစုလို သဘောထားတာ သူသိပါတယ် တဲ့။ ဒါပင်မယ့် ကဲကဲလေးက ကိုကို့ကို ဝမ်ဝမ်းနဲ့ အဲအဲ ချစ်သလိူ အကိုကြီးတယောက်လိုမျိုး ချစ်တာလားတဲ့။ကဲကဲ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ပြောလာတဲ့ ကိုကို့ကြောင့် ကဲကဲလေး နားရွက်လေး ရဲပြီး မဖြေနိုင်တော့။ သေချာတာတခုက ကဲကဲလေး ကိုကြီးနဲ့ကိုအဲကို ဘယ်မိန်းကလေး ယောင်္ကျားလေးနဲ့မဆို တွဲတွေ့ရလဲ ရင်ဘတ်ကြီးက ဝမ်းမနဲပါ။ သို့သော် ကိုကို့ကိုတော့ တခြားသူတွေနဲ့ ရင်းရင်းနှီးနှီး တဲွဲမြင်ရရင် သူ့နှလုံးသားလေးက ဝမ်းနည်းပါ၏။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now