Part 12

8.5K 579 85
                                    

ကိုနေ.... ဂျပန်က လုပ်ငန်းပါတနာ တယောက်နဲ့ အလုပ်ပူးပေါင်းဖို့ ကိစ္စ ဆွေးနွေးနေတုန်း ဖုန်းဝင်လာသည်မှာ နှစ်ခါရှိပြီမို့...ဖုန်းကိုင်လိုက်သည်။ တဖက်က ပြောလာသော driver ရဲ့ စကားကြောင့် ကိုနေ လုပ်ငန်းပါတနာကို သူ့အတွင်းရေးမှူး မသီတာနဲ့ လွှဲထားခဲ့ပြီး.... မြန်နိုင်သမျှ အရှိန်နဲ့ ကားကို   အမြန်မောင်းလာခဲ့သည်။

ကောင်လေးက ငိုပြီး အိမ်ရှေ့ထွက်ပြေးသွားသည်တဲ့။ စန္ဒီ မိုးမြင့်က ကောင်လေးနဲ့ သိသည်ဆိုပြီး အိမ်ထဲ အဝတ်ဝင်ယူပေးတာလို့ ကြားတော့ ကိုနေ့ရင်ထဲ ကောင်လေးအတွတ် စိုးရိမ်မှု လှိုင်းလုံးကြီး ရင်ဝဆီ ရိုက်ခတ်သွား၏။ သူ့့ရဲ့ပန်းရောင်ကောင်လေးကို ညကြမှ ဖုန်းဆက်မယ် တွေးထားတာ ၊ ကောင်လေးက သူ စိတ်ဆိုးနေတယ်ထင်နေမှာ ကျိန်းသေ။ ကျစ်...နေမြတ်သော် ဆိုတဲ့ ဒီကောင်ကြောင့် ကောင်လေးသာ တခုခု ဖြစ်ကြည့် သူအပါအဝင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး ။ ဒေါသထွက်လေ စိတ်ပူလေ...ကားကို အမြန်အရှိန်တင် မောင်းကာ အိမ်သို့ ပြန်လာခဲ့သည်။

ကဲကဲလေး ပြေးနေတုန်း လမ်းထိပ်ရောက်တော့...တပတ်တခါမှသာ လေးငယ်နဲ့လေးမြတ်တို့အိမ်ကနေ.... ကဲကဲတို့ဆီ ပြန်လာတတ်သော ဆရာဝန်လောင်း ကိုအဲနဲ့ တိုးတော့သည်။

ကိုအဲ... လမ်းထဲ ကားမောင်း ဝင်နေတုန်း ခြေဗလာလေးနဲ့ ငိုကာ ပြေးလာသော အငယ်ကောင်ကဲကဲလေးကို မြင်လိုက်ရသည်မို့ ကားကို ထိုးရပ်ကာ အမြန်ဆင်းလိုက်ပြီး ကဲကဲလေးအား ပွေ့ဖက်ပလိုက်သည်။

'' ကဲကဲလေး...ညီညီ ဘာဖြစ်လာတာလဲ ကွာ...ကိုအဲ ကိုပြောစမ်း... ''

'' ဟင့်အင်း...အီးး..ကိုအဲ...''

'' ပြော...ဘယ်ဖြစ်လာတာလဲ ကိုအဲကို ပြောပြ ကဲကဲလေး ''

သူဘာမေးမေး ခေါင်းခါပြရင်း ငိုနေသော အငယ်ကောင်ကြောင့် ကိုအဲ စိတ်ပူကာ ဒေါသတွေ ထွက်လာမိသည်။

'' ခု ထွက်လာတာ...ဖေဖေတို့ရော သိလား ''

'' ဟင့်အင်း....အီးဟီးး ကိုအဲ.. ဟင့် ''

'' baby. .!!''

လမ်းထိပ်မှာ ဖက်​ေနသော ကိုအဲနဲ့ ကောင်လေးကို ကိုနေ မြင်သည်နှင့် ကောင်လေးအား အော်ခေါ်လိုက်ပြီး ကားပေါ်မှ ပြေးဆင်းသွားခဲ့သည်။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now