Part 18

8.6K 489 17
                                    

  '' ပျော်လိုက်တော့ ငါ့တူကြီးရေ ၊ သားကဲ မှာ ကိုယ်ဝန် ၃လ ရှိနေပြီ ''

'' တကယ် လား အန်ကယ် ''

အန်ကယ် မင်းမြတ်က ခေါင်းထပ်ညိမ့်ပြပြီး အတည်ပြုပေးလာတော့ ကိုနေ ရင်ထဲ အပျော်တို့ အတိုင်းမသိ ဝင်ရောက်လာကာ  အိပ်ယာပေါ် ကနေ ပြုံးပြနေသော ပန်းရောင်ကောင်လေးရဲ့ နဖူးလေးအား အနမ်းခြွေချလိုက်မိ၏။ ကောင်လေး ဘွဲ့ရသည်အထိ တားဆေး သုံးခဲ့ကြတာမို့  သာမာန်လင်မယားတွေတောင် ကလေးရဖို့ သိပ်မလွယ်တတ်တာကြောင့် တနေ့တနေ့ ကိုနေ့ရင်ထဲ...စိုးရိမ်မြဲ။ ဆေးဖြတ်ထားတာ လေးလလောက်ကြာပင်မဲ့ ကိုယ်ဝန် ရှိနေပြီဆိုတာတော့ ခုနေ့မှ သိရခြင်းသာ။ ဒါတောင် ညနေတိုင်း တဖက်ခြံကို ကူးနေကြမို့သာ ခုညနေ ကောင်လေး အော့အန်နေသည်ကြောင့် ဖေကြီးနဲ့ဖေငယ်က အန်ကယ်မင်းမြတ်တို့အား လှမ်းအကြောင်းကြားလိုက်ခြင်းသာ။

'' ဖေဖေတို့ မြေးလေး ချီရတော့မှာပေါ့ သားကဲရေ ''

'' ခစ်...ခစ် ဟုတ်တယ် ဖေကြီးနဲ့ဖေဖေ မြေးချီဖို့ ပြင်ထားလိုက်တော့ နော် ဟီးဟီး ''

ဖေငယ့်အသံကြားမှ အခန်းထဲမှာ ဖေကြီးတ်ု့ရယ် ၊အန်ကယ် ရယ် ရှိနေတာ သတိရသွားပြီး ကောင်လေး လက်လေးအား အသာဆုပ်က်ူင်ထားလိုက်၏။

ဖေကြီးက ကိုကြီးတို့လင်လင်နှစ်ယောက်နဲ့ ကိုအဲအား ဖုန်းဆက် ပြီး သတင်းပေးလိုက်တော့ သိပ်မကြာမီ ကဲကဲလေးလှဲနေသော ဖေကြီးတို့အိပ်ခန်းထဲ လူပြည့်သွားတော့၏။ တပတ်တခါ သူ့မိဘတွေအိမ် ပြန်အိပ်တတ်သော ဖြိုးကိုတို့နဲ့ လေးငယ်ဟန်သာနဲ ကိုအဲပါ ရောက်ချလာ၏။ မြေးလေး ရပြီ။တူလေးရပြီ ဆိုကာ ပျော်ရွှင်နေသော မိသားစုတွေကြောင့် ကဲကဲလေး အရမ်းပျော်မိ၏။ သူတို့ လက်ထပ်ခဲ့တဲ့ နေ့ကလို... Daddy မျက်ဝန်းပြာတွေက ကြည်နူးမှုတွေ အိုင်ထွန်းနေလျက်။

********************
ဗိုက်လေးက တနေ့တခြား ပိုပိုပူလာကာ ခုနှစ်လပင် ရောက်နေချေပြီ။ ကဲကဲလေး Ultrasound ရိုက်ကြည့်တော့ သားလေးဖြစ်သည်။ ကျန်းကျန်းမာမာ ရှိနေသည်မို့ ကဲကဲလေးတို့ အရမ်းပျော်ရပါ၏။ ကိုယ်ဝန် ရှိစကထဲက ကဲကဲလေးတို့ အောက်ထပ်အခန်းမှာပဲ အိပ်တော့ကာ ဖေကြီးနဲ့ဖေဖေ တို့ အကြံပေးသည့်အတိုင်း Daddy က ကဲကဲလေး ချော်လဲမှာစိုးကာ အမွှေးပွအခင်းစတွေ အောက်ထပ်တခုလုံး ခင်းပေးထားလေ၏။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now