Part 15.1

8.4K 527 86
                                    

'' Daddy! !. ....ပါးပါးတို့ဆီမှာ ကဲကဲလေးတို့ ကြာကြာနေကြမယ်နော် ...ရလားဟင် ''

'' နှစ်ပတ်လောက် နေလို့ရတယ် ကောင်လေး ''

'' ရေးး....Daddy က အကောင်းဆုံး ၊အမိုက်ဆုံးပဲ ခစ်...ခစ် ''

'' အဟက်...ချစ်စရာလေး ''

ကိုနေ ကားမောင်းနေရင်း ဘေးက မုန့်စားရင်း ပြုံးပျော်နေသော ပန်းရောင်ကောင်လေးကို အသဲယားစွာ ခနခနကြည့်နေမိသည်။ ခုနေ့ မနက်တင် ဒီလူသားလေးဟာ သူ့ပိုင်ဆိုင်မှုလေး ဖြစ်ခဲ့ပြီ။ Second year ပြီးသွားတဲ့ ကောင်လေးကို တိမ်ကင်းစင်ပြီး မင်္ဂလာရှိသော ယခုနေ့တွင် လူသိရှင်ကြား လက်ထပ်ကာအပိုင်ယူလိုက်ခဲ့ပြီ။ သူ့လောက် ပျော်တဲ့သူ လောကမှာ ရှိနိုင်ပါ့မလား။

ကဲကဲလေးတို့က ကားတစီး ၊ ဖေဖေနဲ့ ပါးပါးက ကားတစီးနဲ့ ကဲကဲလေးတို့နောက်မှာ ပါလာသည်။ တနှစ်တခါ Daddy မိဘအိမ် ရောက်ဖြစ်သော်လည်း ခုအခါကိုတော့ ကဲကဲလေး ပိုပျော်မိသည်။ Daddy ဟာ သူ့အပိုင်ဖြစ်ပြီး ကဲကဲလေးဟာလဲ ဖေဖေတို့ပါးပါးတို့နဲ့ အပြည့်အဝ မိသားစုဝင် ဖြစ်သွားပြီပေါ့။ Daddy ဘိုးဘိုးနဲ့ဘွားဘွားရော ၊ပါးပါးတို့ကပါ ကဲကဲလေးအား အရမ်းချစ်ကာ အလိုလိုက်ကြသည်မို့ ကဲကဲဖေကြီးနဲ့ဖေဖေတို့အိမ်မှာလိုမျိုး ပါးပါးတို့ဆီမှာလဲ ပျော်ပါ၏။ ခုမနက် Daddy နဲ့ကဲကဲလေးတို့ လက်ထပ်ခဲ့သည့်နေ့လေးဆိုတာ ကဲကဲလေးမှာ ခုထိမယုံနိုင်။ အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို နက်ခ်တိုင် ခဲရောင်အစင်း ဝတ်ဆင်ထားသည့် Daddy အရှိန်အဝါ ပုံရိပ်က ကဲကဲလေး မျက်လုံး ထဲကနေ ခုထိမထွက်သေး။ ပြာလဲ့နေတဲ့ အပြာရောင်မျက်ဝန်းတွေမှာ ပျော်ရွှင်ခြင်းတွေနဲ့ တလဲ့လဲတောက်ပနေသော ကဲကဲလေးရဲ့ Daddy ။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ခဲ့တဲ့ ကဲကဲလေးကလဲ အရမ်းခန့်ချောခဲ့တာပါနော်။ ဟီး...ကဲကဲလေးရဲ့ မူပိုင်ပါးချိုင့်ကြီး ခွက်ဝင်တဲ့အထိ ဧည့်သည်တွေကို ပြုံးပြနေခဲ့တာ... ခစ် ခစ်။

မနက်ပိုင်း မင်္ဂလာပွဲ ပြီးတာနဲ့ ကားတမ်းမောင်းလာခဲ့တာမို့ ညနေ ခြောက်နာရီလောက် ပါးပါးတို့အိမ်က်ု ကဲကဲလေးတို့ ရောက်သွားသည်။ Daddy ကပါကင်ထိုးနေတုန်း ကဲကဲလေး ပိုက်ထားသော မုန့်ထုတ်တွေကို ကားထဲချခဲ့ကာ
အိမ်ဝတွင် ထွက်ကြိုနေသော ဘိုးဘိုးနဲ့ဘွားဘွားဆီ လုံးနေအောင် ပြေးသွားပြီး နှစ်ယောက်လုံးကို ပွေ့ဖက်ပစ်လိုက်သည်။ 

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now